ငါ့ကို မိုးထားတဲ့
မျက်နှာကျက်များ…
သူတို့ဆီတွန်းပို့ခဲ့တဲ့
မျက်နှာကျက်များ…
ကိုယ့်ကိုကိုပြန်ဝါးမြိုထားတဲ့
မျက်နှာကျက်များ…
မျက်လုံးပေါင်းများစွာနဲ့
မျက်နှာကျက်များ
ပြုံးနေ ၊ ငိုနေ ၊ မဲ့နေ၊ ရယ်နေတဲ့
မျက်နှာကျက်များ
အဲဒီမျက်နှာကျက်တွေနဲ့
ဝေးရာဆီပြေးထွက်ခဲ့ပေမဲ့
ကြယ်ရောင်စုံခြယ်မှုန်း
အဆုံးမရှိနိုင်တဲ့
ကောင်းကင်မျက်နှာကျက်ကြီးက
ငါ့ကို အုပ်မိုးထားဆဲပါ။
မိုးကြယ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
2 days ago


ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်

