Saturday, March 21, 2009

ကဗျာနေ့အမှတ်တရ


ကဗျာရေးခြင်း


ကိုယ့်ကိုယ်ကိုထုတ်ခြင်းခတ်မြင်နေရပုံများ
အလင်းတွေတောင်ငါ့ဆီမှာလာလာ ယိုင်ကြတယ်..

လက်ထောက်ချတတ်တဲ့ ငါ့ဝိဥာဉ်ကြောင့်ပဲ
ငါဟာ..ငါ ဖြူတစ်ခါ မှောင်တစ်လှည့် နဲ့
စုံးစုံးချုပ်ရ ညည အခါခါ …

ကောင်းကင်တ၀က်မြေကြီးတ၀က်နဲ့
ငါ့ခေါင်ပေါ်မှာလာလာရွာချနေတဲ့မိုးက
ငါ့ ရင်ဘတ်ပုပ်သိုးသွားမှာစိုးလို့ပါတဲ့…

မြင်တ၀က် မှိတ်တ၀က်နဲ့ပဲ
ကျေးဇူးတင်ပါတယ်..
ငါ့ရဲ့ချစ်လှစွာသောသစ်ပင်ပျိုရေ..

ငါက ကဗျာဆန်တတ်တော့
ငါ့နှလုံးသားကလည်း
တစ်ခါတစ်ခါ အတိုင်းအထွာ မဲ့နေတတ်တယ်။

မိုးကြယ်

Saturday, March 14, 2009

ပေါ့ပါးခြင်းရာသီ




ပေါ့ပါးခြင်းရာသီ

ခန္ဓာကိုယ်ကွေးကြောင်းများပြ
အသက်ရှုတိုင်းဆူပူမှုများအား
လွတ်ချထားခဲ့
ထမင်းတနပ်အတွက်
အိပ်ကပ်တွင်းအစို၊ အခြောက်
ခေါင်းပန်းလည်းမြှောက်ခဲ့ပေါ့။

ငွေတရာနှင့်တရာကြား
ကွာဟမှုကလည်းကြီးမား
တုံးမတိုက်မိသူ
ကျားနှင့်မကိုက်မိသူများ
ဒူးနှံလို့နေရဲ့။

ပျော်သလိုသွားကြစို့ရယ်
စိတ်တွန်းအားများလည်း အင်ဂျင်လိုလည်စေ
ခဏများစွာဟာလည်း တခဏတော့
သွားဦးမပေါ့လေ။

ပန်းသီးတလုံးကို ပုံပြင်လို့ယူဆစို့
ငါတို့သောက်တာက ၀ိုင်ချိုတွေပါ
နှစ်မချို့သေးတာပဲရှိတယ်
ပုံပြင်လို့ယူဆကြစို့။

ခေတ်ကြီးကလည်း အလျားလိုက်စီးတယ်
ကာလကပ်ဘေးကလည်း ပြေးမလွတ်တယ်
လိုက်ခဲ့ကြ..လိုက်ခဲ့ကြ
တခဏဆိုတာလည်း
နေပူထဲက အရိပ်
ချွေးသိပ်စရာတော့ သိပ်မကောင်းပေါ့။

ပေါက်ပြားနှင့်တရွင်း
ကိုယ့်လမ်းကိုယ်ခင်းကြ
ဘယ်နေရာရောက်ရောက်
တံခါးတစ်ပေါက်တော့ရှိတယ်။

ရာသီဟောင်းတထည်ကို
အဟောင်းဆိုင်ပို့
မနက်ဖြန်ဆို ရာသီသစ်တေးဆို
ပျော်သလိုနေသွားကြစို့

ကိုယ့်လူရေ...
ပျော်သလိုလေးပေါ့။

မိုးကြယ်