Friday, September 18, 2009

မိုးရွာသောနေ့တစ်နေ့


အဲဒီနေ့ကမိုးတွေရွာနေတယ်
မိုးစက်တွေရဲ့ ရင်ခွင်တံခါးခေါက်သံအဆုံး
ချစ်သူရဲ့ နှုတ်ခမ်းပါးမှာ
အပြုံးတို့ တွဲရွဲခိုလို့..

သစ်ရွက်ကလေးတွေရဲ့
ရယ်သံလွင်လွင်တစ်ချို့ကိုကြားရတယ်...

ယုဇနပန်းပင်အောက်
ရင်ခုန်သံခြင်းတီးခေါက်မိတယ်..

ပန်းပွင့်လေးတွေရဲ့
အိပ်မက်ကို တို့နှစ်ယောက်ပိုင်သတဲ့..

အဲဒီနေ့က ပေါ့..
မိုးတွေရွာချနေတယ်..

ကျွန်တော်ဟာ
ချစ်သူပါးပြင်ထက်က သနပ်ခါးလေးဖြစ်တယ်...

မိုးကြယ်

မျက်ဝန်းတစ္ဆေ

အသေခံချင်သည့်ကြောက်စိတ်



သဇင်မဂ္ဂဇင်း သြဂုတ်လ ၂၀၀၉

စာမျက်နှာပေါ်ကဆွဲစုတ်ခံလိုက်ရတဲ့ကဗျာများအကြောင်း



သဇင်မဂ္ဂဇင်း သြဂုတ်လ ၂၀၀၉

သူမကိုအသစ်ပြန်စိုက်လိုက်တဲ့သစ်ပင်





သဇင်မဂ္ဂဇင်း ဇူလိုင် ၂၀၀၉

တင်းကြပ်မှုများမပေါက်ကွဲခင်





သဇင်မဂ္ဂဇင်း ဇူလိုင် ၂၀၀၉