တခါက
ကမ္ဘာကြီးရဲ့ ကောင်းကင်မှာ..
ကြယ်တွေနဲ့ဝင်းလို့…
လင်းပခဲ့ဖူးတယ်….
တခါက
ကမ္ဘာကြီးရဲ့ နံရံမှာ…
ပန်းပေါင်းစုံဖူးပွင့်လို့…
ရနံ့တို့လည်း..သင်းမြခဲ့ဖူးတယ်….
ခုတော့လည်း…
ကမ္ဘာကတခြား…ငါကတခြား….
သို့…
လမ်းပြကြယ်..
ငါ့ကမ္ဘာကိုပဲ..ငါလိုချင်တယ်…
ငါ့ဝိညာဉ်မောပန်းလွန်းလို့ ပါ…
ကိုနေ(၂၀၀၅)
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
-
ငယ်ကတည်းက အယူအဆတွေ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ပတ်သက်ရင် အလွယ်တကူ လက်မခံဘဲ
သေချာ စဉ်းစားပြီး ကိုယ်တကယ်ယုံနိုင်မှပဲ လက်ခံတတ်တဲ့ ဉာဉ်ရှိသူမို့ ..
ဘာ...
3 days ago
No comments:
Post a Comment