နင်ရွတ်ဆိုနေကျ
နင်သီကုံးနေကျ
နင်ဆိုညည်းနေကျ
ဒီ သံစဉ်
ဒီ ကဗျာ တိုင်းမှာ
အကြိမ်ပေါင်းများစွာ
ငါ စိတ်သုန်းခဲ့……..
ငါ့ ၀ိဥာဉ်
ငါ့ကိုခြောက်လှန့်လွန်းလို့
ဒီလမ်းကျဉ်းက ပြေးအထွက်
ပန်းပွင့်ကမ္ဘာကို ငါရောက်တယ်။
အဖြူရောင်လွင်ပြင်ကို
ဖြတ်လို့ ပျံသန်းချင်ပေမဲ့..
နင်ပေးခဲ့တဲ့ ဒီကျိန်စာ
ငါ့နှလုံးသားကို
ရစ်နှောင်ထားခဲ့တာ
ယနေ့ထက်တိုင် ကြာခဲ့ပြီ။။
မိုးကြယ်
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
-
ငယ်ကတည်းက အယူအဆတွေ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ပတ်သက်ရင် အလွယ်တကူ လက်မခံဘဲ
သေချာ စဉ်းစားပြီး ကိုယ်တကယ်ယုံနိုင်မှပဲ လက်ခံတတ်တဲ့ ဉာဉ်ရှိသူမို့ ..
ဘာ...
3 days ago
No comments:
Post a Comment