လရောင်တွေကြွေကျနေတဲ့
ဒီမြေပြင်မှာ
ငါ့ရဲ့ဖြစ်တည်ခြင်းတွေကို
မြှုပ်နှံခဲ့ပြီးပြီ။။
ဒီရေနဲ့အချိန်ရဲ့
ခပ်ပြင်းပြင်းတိုက်စားမှုတွေကြား
ငါ့ညတေးသွားလဲ
သံစဉ်တွေ ကြေမွခဲ့ပြီ။
ဆန္ဒတစ်စုံကိုဝတ်ဆင်လို့
ပင်လယ်ပြင်ကျယ်မှာ
ရွက်မလွှင့်ရရင်တောင်
မြစ်ပြင်ကျယ်မှာစုန်ဆန်ချင်သေးတယ်။
လောကကြီးရေ
ငါ့ရဲ့ရှင်သန်ခြင်းတွေကို
ပန်းချီကားတစ်ချပ်လို
အရောင်မစိုးချင်နဲ့
မင်းသိဖို့က
ငါ့မနက်ဖြန်တွေကို
ငါ့ကဗျာတွေနဲ့ နိုးထနေဦးမှာပဲ။။
မိုးကြယ်
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
-
ငယ်ကတည်းက အယူအဆတွေ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ပတ်သက်ရင် အလွယ်တကူ လက်မခံဘဲ
သေချာ စဉ်းစားပြီး ကိုယ်တကယ်ယုံနိုင်မှပဲ လက်ခံတတ်တဲ့ ဉာဉ်ရှိသူမို့ ..
ဘာ...
5 days ago
1 comment:
ဆႏၵတစ္စံုကို ဝတ္ဆင္လို ့
ပင်လယ်ပြင်ကျယ်မှာ
ရွက်မလွှင့်ရရင်တောင်
မြစ်ပြင်ကျယ်မှာ စုန်ဆန်ချင်သေးတယ်။
ညီလေးရေ မြစ်ပြင်ကျယ်မှာ ကဗျာတွေနဲ့  စုန်ဆန်ရအောင်လေ။
Post a Comment