Sunday, February 3, 2008

လ မဲ့..ည..ကဗျာ

နေထွက်ချိန်မှာ…
လငုပ်သွားတဲ့ ညကို
ဝမ်းပန်းတနဲနဲ့..ဆွေးမြည့်နေလို့ကော
ကြယ်တွေကပန်းတွေနဲ့ဝေမှာလား…

တွေဝေနေလား…မိုးကောင်းကင်
နှင်းဝေမှာလား…ကြွေမှာလား…
ကောင်းကင်တောင် ဇီဝိန် ကြွေနေပြီလား
သခင်..

နှင်တိုင်းပြန်ရမှာလား...
ငါက..အရှင်အတိုင်းထိုင်နေတဲ့…
ညနေခင်းမှ…မဟုတ်တာ….
ညှာတာလှဲ့ပါ…အကြင်နာ

ကဗျာယောင်ဆောင်နေတဲ့…
ညနေစောင်းက…
သံစဉ်မပါတဲ့…သီချင်းတပုဒ်ကို
သီကြူးစဉ်…

ဟာတာတာပန်းချီကားပေါ်မှာတော့
ညသည်အရှင်လတ်လတ်နဲ့ပဲ…
သေဆုံးလျက်

ကိုနေ(၃.၂.၂၀၀၈)

1 comment:

Kaung Kin Ko said...

ကဗျာလေး ကောင်းတယ် ညီရေ။ :-)