ပြာလဲ့ကောင်းကင်
တိမ်ခိုးစင်သည်။
ရွက်ဝါခညောင်း
မြေခရောင်းထက်
ငွေနှင်းအသွင်
လျှပ်ထင်သည်
ကြည်လဲ့ရေပြင်
စိတ်ငြိမ်ကောင်းတုန်း
ပင်အိုထက်မှ
ဖော်မဲ့တမ်းခြင်း
ငိုကြွေးသီသည့်
ဥသြနှင့်ပြိုင်
လွမ်းစာဖွဲ့ဆို
ရင်မှာခိုသည့်
ပြိုလဲ့နေခြည်
တမ်းမျှော်ရည်ရင်း
ရောက်ခဲ့ပြန်ပေါ့
နွေဦးတဖန်။
--------- ။ ----------
တစ်သက်တာအတွက်
ပျိုးခဲ့တဲ့ပန်းကလေးရေ
ငါ့ရင်ခွင်ထက်မှာပဲ
လန်းစွင့်လှည့်ပါ။ ။
မိုးကြယ်
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
-
ငယ်ကတည်းက အယူအဆတွေ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ပတ်သက်ရင် အလွယ်တကူ လက်မခံဘဲ
သေချာ စဉ်းစားပြီး ကိုယ်တကယ်ယုံနိုင်မှပဲ လက်ခံတတ်တဲ့ ဉာဉ်ရှိသူမို့ ..
ဘာ...
3 days ago
No comments:
Post a Comment