Wednesday, February 27, 2008

ချစ်သူအတွက်..ငါ

ညဆိုအိပ်မပျော်ဖူး…
ကြယ်တွေနဲ့ အပြိုင်ကြွေနေရလို့….

မစို့မပို့ ရွာသွားတဲ့…
ဒီနှင်းတွေ စွေတဲ့..ဆောင်းကလည်း..
ဟိုး…အဝေးမှာ…..

ကောင်းကင်အောက်မှာ..
နမ်းခဲ့တယ်….ချစ်သူ….
ရင်တွေကျွမ်းသွားရင်တောင်….

ချစ်သူအတွက်…..
အိပ်မက်ကို…
ငါတည်ဆောက်မယ်…

ချစ်သူအတွက်ပေါ့….
အတိတ်တွေကို
မှတ်ကျောက်တင်မယ်….

ချစ်သူအတွက်ပေါ့….
အနာဂါတ်ကို…..
ငါဖန်တီးပေးမယ်…..

ဒီကောင်းကင်ရှိနေသရွေ့  ပေါ့….
မလျှော့တဲ့….
ချစ်ခြင်းတွေနဲ့…

ထာဝရ….ရှင်သန်မယ်…….

ကိုနေ 27.02.2008 1:50 AM (ချစ်သူအတွက်...ရည်ရွယ်ဖန်တီးပါသည်)

No comments: