လွန်ခဲ့သောနှစ်သန်းပေါင်းများစွာမှရုပ်ကြွင်းတစ်ခုအား သုတေသီများမှ ယိမ်းနွဲ့ပါးနေအိမ်တွင်တွေ့ရှိခဲ့သည်။ ယင်းရုပ်ကြွင်းတွင်ဦးခေါင်းနှင့်ခြေချောင်းများတွေ့ရှိရသည်။ ၎င်းမှာကြမ်းပိုး တစ်ကောင်၏ရုပ်ကြွင်းဖြစ်သည်ဟု သမိုင်းနှင့်သိပ္ပံပညာ
ရှင်တစ်ဦးမှပြောကြားသွာသည်။
ရုပ်မြင်သံကြားစက်ကနေသတင်းတစ်ပုဒ်လာနေတာပါ။ပျင်းပျင်းရှိလို့ TV ဖွင့်ကြည့်တာ
MRTV-4 ကသတင်းနဲ့မှလာတိုးနေတယ်။
City FM လေးဖွင့်နားထောင်လိုက်ဦးမယ်။
FM ။ ။ ကိုနေကြီး အခုဘာတွေလုပ်နေလဲ။
နေကြီး ။ ။ မသောက်ပဲနဲ့ မူးလို့ ရတဲ့နည်းထွင်နေတယ်။
FM ။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ အရက်သမား အစည်းအရုံး ဥက္ကဌ ရွေးကောက်ပွဲ
ဝင်ပြိုင်မယ်လို့ သိရတယ်။
နေကြီး ။ ။ ဟုတ်ပါတယ်။ ပြိုင်ဘက်တွေကို အပြတ်အသတ် အနိုင်ရမယ်လို့ထင်ပါတယ်။
ဒါပေမယ့် ယိမ်းနွဲ့ ပါးက သုစံ၊ ကိုဖြိုး၊ မိုးကြယ်တို့ ပါလာရင်တော့ရေချိန် နည်းနည်းထပ်မြှင့်မှ ရမယ်။
FM ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကိုနေကြီးကို ကျေးဇူး
အများကြီးတင်ပါတယ်။
နေကြီး ။ ။ ဟုတ်ကဲ့၊ ကျနော်လဲ အရမ်းမူးပါတယ်။
‘‘ဟာ FM နားထောင်တာ နည်းနည်းတောင် မူးချင်လာပြီ’’
‘‘မြ၀တီ ဖွင့်ကြည့်လိုက်ဦးမယ်’’
‘‘ ပုံးပေါက်ကွဲမှု ဖြစ်ပွား ’’
ဂီတစာဆို မဟာသုဒမ သိဂီ င်္ဦးပြည်းပေါင်းတင် ကျော်ထင်နော်ရထာ သူရိန်၏ နေအိမ်အနီးတွင် ယမန်နေ့ က ပုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့သည်။ ပိုးဟပ်လေးကောင်သေဆုံး၍ ယင်ကောင်နှစ်ကောင် အား အရေးပေါ် ခွဲစိတ် မှုပြုလုပ်နေရသည်။ ပေါက်ကွဲသည့် ပုံးအမျိုးအစားမှာ တရုတ်နိုင်ငံလုပ် ကျင်ကျင်း အမှတ်တံဆိပ် ကော်ကြွပ် အမှိုက်ပုံး ဖြစ်၍ အတွင်းမှ ကြွပ်ကြွပ် အိတ်မှာ ကျန်ကျောင်း တံဆိပ် ကြွပ်ကြွပ် အိတ် အမျိုးအစား ဖြစ် သည်ဟု ပြောရေးဆိုခွင့် ရှိသူသန့်ရှင်းရေး ၀န်ထမ်းတဦးမှပြောကြားသွားသည်။ ၎င်းပေါက်ကွဲမှုတွင် မသင်္ကာဖွယ်ရာ် မြေကြွက် တစ်ကောင် နှင့် ကြွက်စုတ် နှစ်ကောင်အား သက်ဆိုင်ရာအဏာပိုင်များမှ ထိန်းသိမ်း စစ်ဆေးနေသည်ဟု သိရသည်။
မိုးလေ၀သသတင်းကြေငြာချက်…
နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင်မိုးတစ်ချုန်းရွာ ၍ ရှေ့ဆောင်နှင့်သမ္မတ တို့တွင်
တိမ်ကင်းစင်နေပါသည်။ မြို့မ၊ ၀ဇီရာနှင့် သွင် တို့တွင် စစ်ဆေးရေးဝင်နေပါသဖြင့်
လုပ်ငန်းများရပ်ဆိုင်းထားရပါသည်… သည်းခံပါရှင်…
အာ… ဘာတွေလဲ မိုးလေ၀သ သတင်းကလဲ..
မှုခင်းသတင်းလေးဖတ်လိုက်ဦးမှ..
အာစင်နယ်ဘောလုံးအသင်း၏ပရိတ်သတ်တစ်ဦးဖြစ်သူ ကိုဖြိုး၏နေအိမ် ဖောက်ထွင်းခံရ။
အိမ်မွေးတိရိစ္ဆာန်များ ဖြစ်သော ပုတ်သင်ညိုတစ်ကောင်၊ လိပ်သုံးကောင် နှင့် မြဟင်္သာ တစ်ကောင် ပျောက်ဆုံးနေကြောင်းသိရ။ အာစင်နယ်ဘောလုံးအသင်းမန်နေဂျာ အာစင်းဝင်းဂါး မှ ကိုဖြိုးထံဝမ်းနည်းကြောင်းသ၀န်လွှာပေးပို့။
ရန်ကုန်..၂၀၀၈
ဟင်မှုခင်းဖတ်တာ ဘယ်လိုဖြစ်လို့ ဘောလုံးအသင်းကပါလာရတာလဲ..
ကြေးမုံသတင်းစာမှာကောသတင်းထူးပါဦးမလားပဲ.. ဖတ်ကြည့်ဦးမှ…
နိုင်ငံ့ဂုဏ်ဆောင် ကဗျာဆရာ ကိုနေ(ယိမ်းနွဲ့ပါး) ၏ လုံးခြင်းကဗျာစာအုပ် အား ခွက်ခွက်လန် စာအုပ်တိုက်မှဖြန်.ချီ မည်။
၂၀၀၈ ခုနှစ်၏ အရောင်းရဆုံးစာအုပ်ဖြစ်မည်ဟု ပညာရှင်များမှသုံးသပ်နေကြသည်။ ၎င်းစာအုပ် ၏အမည်ကို
”ဓါတ်ကြိုးကို မောင်ကိုင်ပါ့မယ်” ဟု ပေထားကြောင်း.. ကိုနေ ၏အပြောအရ၎င်းစာအုပ်မှာ ချစ်သူမရှိသေးသူများနှင့်ရှိပြီးသားသူများအတွက်ရည်ရွယ်သည်ဟုသိရပါသည်။။။
မျက်လုံးလဲညောင်းလာပြီ။။ နားလဲ အူလာပြီ.. နောက်မှဆက်ဖတ်တော့မယ်။။
Xxxxxxxxxxxxxxxx xxxxxxxxxxxxxxxx xxxxxxxxxxxxxxxx
ကျွန်တော်ရေးခဲ့သောသတင်းများမှာ နောက်ပြောင်မှုသက်သက်သာဖြစ်ပါသည်။ ကျွန်တော်၏အစ်ကိုတော်များအားလုံးအား ခွင့်လွှတ်ပါရန်ပန်ကြားအပ်ပါသည်။ခွင့်မလွှတ်နိုင်ပါက ကျွန်တော့်အား ကြိုက်သည့်ဆိုင်တွင် ဘီယာ တိုက် ၍ဆုံးမနိုင်ပါသည်။။
မိုးကြယ်
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
-
*ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေး**ဖက်ဝင်**ပျား**ရည်*
ရှေးလူကြီးများက ပျားရည်ကို “ပန်းပေါင်းတစ်ထောင်” ဟုခေါ်သည်။ ပျားကောင်၏
ခြေချောင်းကလေး ...
2 months ago
No comments:
Post a Comment