Thursday, March 6, 2008

သူတို့အချစ်

....................
………………….
ပြောရက်တာလား
ပြောထွက်တာလား
ဘာရယ် ငါမသိ ၊
ရင်မှာ ဆူတစ်ချောင်းငြိခဲ့ပြီ။

နင်နဲ့ ငါ့ရဲ့  ချစ်ခြင်း
ပျော်ရွှင်ခြင်း သက်သက်လို့
ငါမြတ်နိုးတဲ့ နင့်နှုတ်ဖျားက
ပြောရက်တာလား ……..
ပြောထွက်တာလား ……
ဘာရယ် ငါမသိ ၊
ရင်နာနာနဲ့ မချိခဲ့ပြီ။

ဟေ့….. ကမ္ဘာမြေ၀သုန်
သက်သေအကုန်ခေါ်လိုက်စမ်းပါ….၊
ဒီမှာလေ….
ရင်ကို မခွဲ ၊ အသဲကိုမထုတ်ဘဲ
ငါတို့ ရဲ့  အကြောင်း
သက်သေကောင်းတွေရှေ့  မှာ
ပြောချင်လွန်းလို့ ပါ။

‘‘တည်မြဲခြင်းဆိုတဲ့ နိယာမ
ကမ္ဘာဦးကတည်းက စခဲ့ရင်
နင့်ကိုချစ်တဲ့ ငါ့အချစ် ကမ္ဘာတည်သရွေ့ ပေါ့ ’’ ။ ။

သုစံ
(ဗျောကြီး နှင့် နှင်းနှင်းတို့ အတွက် အမှတ်တရ)

No comments: