မိုးရေမဆဲခင်တော့သည်းဦပေါ့ကွာ
ကောင်းကင်မှာ နေမပွင့်ခင်
ငါတို့ နားခိုစရာ ရင်ခွင်လည်း
ဘယ်ခြောက်သွေ့နိုင်ဦးမလဲ…
အမိုးအကာမဲ့ ငါတို့ဘ၀တွေ
ငတ်တစ်လှည့် ပြတ်တစ်လှည့်
ငါတို့နေ့စွဲတွေ အတွက်
နာဂစ်ဆိုတာ အပိုဆုလား….
ခြောက်ခြားစရာ ညတွေဟာ
မိဘမဲ့ ရင်သွေးတွေ အတွက်
နာကြည်းဖွယ် ကဗျာတစ်ပုဒ်
နာကျင်ဖွယ် သံစဉ်တစ်ချို့ ဆိုရင်…
လောကကြီးရဲ့ မတရားလိုက်ပုံများ
ဘယ်ခုံရုံး ကများ လက်ခံလို့စစ်ဆေးပေးမှာလဲ…
ညမမှောင်ခင် လမ်းပြဖို့
ကမ်းလင့်မဲ့ လက်တွေကိုစောင့်စားရင်းနဲ့
လု့လောက ဇာတ်ခုံအလယ်က
ကြိုးဆွဲရာ ကနေရတဲ့
မွဲတေတေ ရုပ်သေးရုပ်တစ်ကောင်ရဲ့
ရင်ကွဲပက်လက် ငိုကြွေးသံကို
လစ်လျှုရှုနိုင်ပါစေလို့…….
မိုးကြယ်
No comments:
Post a Comment