ကယ်သူမဲ့….
ကြွေနေတဲ့…တို့ ရဲ့ ပန်းပွင့်တွေ….
ပန်းသခင်ကတောင်
မကြင်နာတော့….
နေခြည်ကိုကော
မျှော်လင့်ခွင့် ရှိပါအုံးမလား…..
အတ္တတွေ..အမုန်းတွေ
သင်ပုံးမချေတော့ဖူးလား….
အကယ်၍များ….
မင်းကိုယ်တိုင်….
မြတ်နိုးတဲ့…ပန်းတပွင့်
ပိုးခခဲ့ရင်ဘယ်လို နေမလဲ…..
တခါတခါ…
လောကက…ကျွဲပါးစောင်းတီးနေသလိုပဲ
တခါတခါတော့လည်း…
ကြေးမုံ တချပ်ကိုအားကျတယ်…
မှတ်သားမိပါစေ….
ကြေးမုံက..ဘက်မလိုက်တက်ဘူး…..
မင်းကြည့်သလိုပဲ…
မင်းကိုပြန်ကြည့်လိမ့်မယ်…..
ဒီမှာ…
လောကမှာ….
ခါတော်မီသာ…
နေမသာခဲ့ရင်….
ထာဝရ..ညဥ့်နက်ရလိမ့်မယ်…..
လွယ်သလိုသာ…
နေရစ်ခဲ့ရင်….
ငါ့ ခု ကဗျာကို…
မင်းဘယ်ဖတ်တတ်လိမ့်မလဲ…..
ကိုနေ(၁၃. မေ ၂၀၀၈)
ရောင်နီတွေနဲ့ ဒို့အတူ
-
အဲဒီညခင်းလေးမှာ မန်းလေးကို သတိရ.. မြို့မငြိမ်းကို သတိရ.. တချိန်တည်းမှာ
နာမကျန်းရရှာတဲ့ ဘဝဘဝ တွေကို သတိရ... အဲဒါ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့
ရောင်နီ ...
2 months ago
No comments:
Post a Comment