ငိုတော့ငိုခဲ့ပါတယ်
ငါ့နှလုံးသားတစ်ခြမ်း
စုန်းပြုစားခံရချိန်ပေါ့။။
ဝတ်ရည်တည်ခဲ့တဲ့
ဘယ်ဘက်ရင်အုံလဲ
ပန်းတစ်ပွင့်အတွက်တော့
လောက်ငနိုင်ပါရဲ့..
မင်းကိုက်ခဲ့တဲ့
ပန်းသီးတစ်လုံးရဲ့
ရာဇ၀င်ထဲမှာလဲ
မက်ခွင့်မရတဲ့
ငါ့အိပ်မက်တွေဟာ..
ဖြူလျော့နွမ်းလျနေစဲပဲ။
မိုးကြယ်
2 comments:
စုန်းပြုစားတော့ငိုခဲ့ရပြီ။
ပန်းအတွက်လည်းပျားဖြစ်ခဲ့ရပြီ။
မက်လို့မရတဲ့အိမ်မက်အတွက်လည်း
အားအင်ကုန်ခန်းခဲ့ရပြီ။
နတ်သမီးရေ
နင့်အတွက်ငါပင်ပန်းခဲ့ရပြီနော်။
စုန်းပြုစားတော့ငိုခဲ့ရပြီ။ ပန်းအတွက်လည်းပျားဖြစ်ခဲ့ရပြီ။ မက်လို့မရတဲ့အိမ်မက်အတွက်လည်း အားအင်ကုန်ခန်းခဲ့ရပြီ။ နတ်သမီးရေ နင့်အတွက်ငါပင်ပန်းခဲ့ရပြီနော်။
Post a Comment