ကျဲပက်ခဲ့ တဲ့မြူတွေကြောင့်ပဲ
ငါတို့တိမ်တွေမည်းနက်ခဲ့ရ..
လေပြေအသုတ်မှာ
ရနံ့တို့ပြိုကျခဲ့ချိန်
ကောင်းကင်မှာ
ခါးသက်သက်ပန်းတွေပွင့်ခဲ့။
ဒီလိုနဲ့
ရုန်းကြွပွင့်လန်းလာမဲ့
နေခြည်အတွက်
လျှပ်ပန်းတွေပေါက်ခတ်လို့
တိမ်တွေခွဲအက်ပေးခဲ့တယ်။
ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်းတွေအတွက်
မြိန်ရှက်ခဲ့ရတဲ့ ဘ၀တွေမှာ
ဆုတောင်းခြင်းတွေကဘက်မမျှခဲ့ဘူး..
ဒါပေမဲ့..
တစ်ချိန်က
ငါတို့အတူတူ ခါးသက်ခဲ့ဘူးတယ်။
မိုးကြယ်
2 comments:
လောကကြီး
နာကျင်မှုတွေ
စွန့်လွှတ်ရမည့် အရာများ
ရွှင်လန်းချမ်းမြေ့ပါစေ...
အစ်ကိုရေ... ကဗျာတစ်အားကောင်းပါတယ်...
တစ်ခုဗျာ... စိတ်မရှိပါနဲ့ ( ဆရာလုပ်တာမဟုတ်ပါ ) မြိန်ယှက် ဆိုရင် ပိုအဆင်ပြေမလားလို့
Post a Comment