မွန်းကြပ်တယ်။ အဲဒါတွေကအခုမှမဟုတ်ဘူး ကမ္ဘာဦးကထဲက….
အနက်ရောင်တွေကို အင်တိုက်အားတိုက်ကျုပ်မုန်းတီးပစ်လိုက်ချင်တာကြာပြီ။
မဟူရာရောင်ဆိုတာကိုကျုပ်တပ်အပ်သေခြာသိလိုက်တယ်။ အနက်ရောင်
ခြည်တစ်စလိုပဲ ခမ်မျဉ်းမျဉ်းနဲ့ ၊ ငှက်ဆိုးတွေပျော်စံရာအသူုရကယ်ဘုံပေါ့။
ကြည့်စမ်းဗျာ ဒုစရိုက်တွေကြူးလွန်ရာတစ်စပြင်တောင် ကျုပ်ရင်မှာခိုဖွဲ့
အိမ်သီနေပြီ။နက်ကြုတ်ကြုတ်ပင့်ကူတစ်ကောင် အနက်ရောင်ကွန်ယက်တွေနဲ့
ကျုပ်ကို ရစ်ပတ်ခြည်နှောင်ထားလိုက်ပုံများ၊ ဟိုးအဝေးက ခပ်ပျပျ အလင်း
အဆိုင် အခဲတစ်ချို့ကိုတော့ငတ်မွတ်မိပါရဲ့။ ရင်ခုန်သံတွေ၊ အသက်ရှုသံတွေ
ွပြင်းတယ် ကျုပ်အတွက်မြင်ကွင်းတွေကမှောင်မိုက်လှတယ်။ ကျုပ်အတွက်
တေးသံဆိုတာ ၀ံပုလွေတွေရဲ့ ခပ်မြေ့မြေ့အူသံတစ်ချို့တစ်လေပေါ့။ တစ်ခါ
တစ်လေ ခေါင်းလောင်းသံတစ်ချို့ ကြားရတယ်။ ခေါင်းလောင်းသံလို့ထင်ရ
တာပဲလေ။ ကျုပ်သိလိုက်တယ်၊ ကျုပ်ဒီအမှောင်ဝတ်ရုံကိုဘယ်လိုအားနဲ့မှခွာချ
လို့မရတော့၊ အဲဒါတွေကအခုမှမဟုတ်ဘူး ကမ္ဘာဦးကထဲက..
ကျုပ်ကိုယ်တိုင်ကလည်း ခမ်နွမ်းနွမ်းနုံချာချာညတစ်ညပေါ့။
မိုးကြယ်
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
-
*ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေး**ဖက်ဝင်**ပျား**ရည်*
ရှေးလူကြီးများက ပျားရည်ကို “ပန်းပေါင်းတစ်ထောင်” ဟုခေါ်သည်။ ပျားကောင်၏
ခြေချောင်းကလေး ...
2 months ago
1 comment:
ကိုကြီးရေ တနေ့နေ့ အချိန်ချိန်မှာ ဒီအနက်ရောင်တွေဟာ လွင့်ပြယ်သွားမယ်လို့ ကျနော်ယုံကြည်နေပါတယ်ဗျာ.. ဒီအချိန်လေးကို စောင့်ကြတာပေါ့:)
Post a Comment