အသွင်အမျိုးမျိုးပြောင်းတတ်တဲ့
ဝံပုလွေတစ်ကောင်…
သန်းခေါင်ယံကိုအားပြု
တောက်စားတတ်တဲ့ကြယ်တံခွန်…
ကျောက်ဂူထဲက
တမြေ့မြေ့ရှိုက်နေတဲ့ သက်ပြင်းချသံ…
ပိုးစုန်းကြူးကိုပဲ ဖက်တွယ်နေရတဲ့
ခပ်မိုက်မိုက်ည…
အလျားလိုက်အက်ကြောင်းထပ်နေတဲ့
ရင်ဘတ်…
ဘာဆိုဘာမှမရှိတော့တဲ့
အဖြူရောင်စာရွက်…
မျက်နှာပြင်မညီညာတော့တဲ့
မှန်ကူကွက်…
…….
အဲဒီလိုပဲ
မျဉ်းကွေးတစ်ကြောင်းရဲ့
ရာဇ၀င်ဟာ
နရီတွေ တိုက်စားရင်း
ကြွေလွင့်ခဲ့ရတာလည်း
အကြိမ်ကြိမ်…
မိုးကြယ်
2 comments:
ပိုးစုန်းကြူးကိုပဲ ဖက်တွယ်နေရတဲ့
ခပ်မိုက်မိုက်ည…
အလျားလိုက်အက်ကြောင်းထပ်နေတဲ့
ရင်ဘတ်…
ကဗျာကောင်းတွေဖတ်ရင်း အတွေးတွေပေးပါတယ်----ကဗျာဆရာရယ်---
ဆက်ရေးပါ---
အတွေးကောင်းတယ်
မျဉ်ကွေး မှာလဲမျဉ်းကွေးရာဇ၀င်ရှိသလို
မျဉ်းဖြောင့် တစ်ကြောင်းမှာလဲ ကြွေလွင့်နေတဲ့ ရာဇ၀င်တစ်ခုထက်မကလဲ ရှိနေနိုင်တာပဲနော်
Post a Comment