တစ်နေရာက အခန်းကျဉ်းလေးထဲမှာ
သူလဲလျောင်းနေတယ်….
ကြယ်တွေငြိမ်းနေတဲ့ ညကတော့
ခါတိုင်းလို နိုးကြားမြဲ…
ဒါပေမယ့်…သူကတော့ ခရီးဆက်လျက်….
လူငယ်လေးတယောက်…
ရူးသွပ်စွာ ကောင်းကင်ကို ငေးမောနေတယ်…
သူရွာစေချင်တဲ့ မိုးများ…သည်းလိမ့်မလား…
ခါးသက်သက်နဲ့ ပဲ စိတ်ကူးနေတယ်….
ဒါပေမယ့်…သူကတော့ ခရီးဆက်လျက်
မနက်ရောက်ရင် နိုးထရမယ့် နေ့ တနေ့ က…
အိပ်စက်နေတယ်…
အရိပ်လေးများရလိမ့်မလား…
ဟားတိုက်မှု တွေ အကြောင်းကို တွေးတောနေတယ်….
ဒါပေမယ့်…သူကတော့ ခရီးဆက်လျက်
ထဲထဲဝင်ဝင်သိမှ…ဖတ်ခွင့်ရမယ့် ကဗျာ တစ်ပုဒ်…
အနှုတ်နဲ့ အပေါင်း…သူ့ ခေါင်းထဲ ရောက်ရောက်လာလို့
တွေးနေတယ်….
ဘယ်အရာကများ….ကမ္ဘာကြီးကို မောင်းနှင်နေပါလိမ့်…..
ဒါပေမယ့်….သူကတော့ ခရီးဆက်လျက်ပါပဲ…….
ကိုနေ(၁၇.၁၀.၂၀၀၈)
2 comments:
အတွေးတွေ တစ်ကယ် ဝေစေတဲ့ ကဗျာကောင်းလေးပါ
လေးစားပါတယ်
ကိုနေရေ--
ခရီးဆက်လျက်ပဲလား--
အတွေးကောင်းအရေးကောင်းပါတယ်---
လှပတဲ့ ကဗျာတပိုဒ်ပါ---
ခင်မင်လျက်
Post a Comment