တယောအိုတစ်လက်ယူလာတဲ့
အိပ်မက်နဲ့ ပဉ္စမမြောက်တံခါးကို
ငါတွန်းဖွင့်ခဲ့…
ခြေရာတွေဗရပွ
မိတ္တူအထပ်ထပ်ကူးခံလိုက်ရတဲ့
ကြမ်းပြင်က
သွားချင်လည်းသွားပါ
သူကျွံမကျပါဘူးတဲ့..
ကဗျာနဲ့ ကာထားတဲ့
ပြူတင်း တွေဆီမှာ
လေပြေရဲ့ ရှိက်သံက ခပ်သဲ့သဲ့…
အလင်းက ငါ့ဆီလာပြီး
တိုးဝှေ့ညင်သာပြောရှာတယ်
သူရေးတဲ့ သံစဉ်တစ်ချို့
ကာရံတွေအခိုးခံရလို့တဲ့..
နံရံဒေါင့်မှာလက်မှိုင်ချ
ကြယ်သာစုံပြီး လရောင်မဲ့တဲ့
ညနဲ့ဘ၀တူပေါ့…
အဲ့ဒီလိုနဲ့..
တိမ်ဖြူတွေအရောင်လွင့်
မည်းညစ်ညစ်သာကျန်တဲ့ အချိန်…
ဂိဏ်မန်ဦး ခြေကြူးလို့
ဝင်ရိုးစွန်းရေခဲမြစ်တို့
ရိဆွေး ပျက်ကျ စီးဆင်းရချိန်..
ဆူးသက်သက်နဲ့ ခါးသက်ခဲ့ရတဲ့
နှင်းဆီတစ်ပွင့် လရောင်ငတ်လို့
တောင့်တတဲ့ချိန်..
တံခါးတွေလုံအောင်ပိတ်
အထီးကျန်စိတ်ကို မြိုသိပ်ရင်း..
အဟောင်းဆိုင်ဟာ
ရင်ခွင်ပိုက် ကဗျာအိုတစ်ပုဒ်နဲ့
ခပ်ရှုပ်ရှုပ်အိပ်မယ်..
ရွာချင်လည်းရွာ
ပြိုချင်လည်းပြိုတော့..
ကောင်းကင်အိုရယ်…
စိုအောင်တော့ မလုပ်နဲ့
ရင်ခွင်နာက အစိမ်းသက်သက်ရှိသေးတယ်။
မိုးကြယ်
6 comments:
ရွာချင်လည်းရွာ
ပြိုချင်လည်းပြိုတော့..
ကောင်းကင်အိုရယ်…
စိုအောင်တော့ မလုပ်နဲ့
ရင်ခွင်နာက အစိမ်းသက်သက်ရှိသေးတယ်။
ကိုမိုးကြယ်ရေ---
ရင်ခွင်နာအစိမ်းသက်သက်ပဲရှိတယ်တဲ့လား--
စိုအောင်တော့မလုပ်နဲ့တဲ့---
အခွင့်တော့ပေးလိုက်သားနော်---
လှလိုက်တဲ့ကဗျာလေးပါ---
ခင်မင်လျက်
ကဗျာလေးကကောင်းလိုက်တာ...
ကျေးဇူးတင်တယ်
လိုအပ်ချိန်မှာဖတ်ခွင့်ရလို့......
ကဗျာလေး ကောင်းတယ်ဗျို့ ..
အစိမ်းသက်သက် အမြန်ကျက်ပါစေဗျာ
နှစ်သက်စွာ ခံစားသွားပါတယ်...
အနာကျက်ပါစေတော့နော်.. :P
extremely beautiful !!
Post a Comment