ငွေ့  ရည်ဖွဲ့ စနှင်းစက်တွေ ပေါ့
ဟင်းလင်းပြင်ရဲ့  မျက်နှာကျက်ဆီမှာတွဲ ခိုနေကြပြီ…
မနက်တိုင်းလဲ
ဒီတံခါးကို ဖွင့်ခဲ့တာ…ရာသီတခါတောင် ပြန်လည်ခဲ့ပြီ….
ဒီကြားထဲ…
နေမင်းက ရောင်ခြည်ပြောင်း….
လေညင်းက လေသံပြောင်းနဲ့
လောကတရားကို တချို့  ကလဲ…
ခပ်ပြင်းပြင်းလေး သစ္စာဖောက်နေကြတာ….
မပြောတော့ပါဘူးလေ….
ငါ တို့ ရဲ့  ဟင်းလင်းပြင်…
သန့် စင်နေပြီးတာပဲ….
ဟင်းလင်းတံခါးပေါ်ကို…
ခိုတက်ခဲ့ပြီး…အရှေ့  စူးစူးကိုကြည့်တော့….
ခန့် မှန်းခြေပေါ့…ပင်လယ်တခုရဲ့  အစကို မြင်ရတယ်လေ….
ဒါဟာ..အနာဂါတ်တခုများလား….
မနက်ဖြန်တွေ ကို အပိုင်ရတော့မှာလား….
လှပပါစေတော့
ဟေမာန်ရေ….
ဟင်းလင်းတံခါးရဲ့  တဖက်မှာပေါ့…
ပန်းတွေရှိသတဲ့လေ…
ကိုနေ(၂၇.၁၀.၂၀၀၈)
ယိမ်းနွဲ့ပါး ဘလော့ (၁)နှစ်ကြာရပ်တည်နိုင်အောင် အဖက်ဖက်မှထောက်ကန်ပေးခဲ့သော၊
မအားမလပ်သည့်ကြားမှ အချိန်ပေး၍ လာရောက်လည်ပတ်ကြသောမိတ်ဆွေ၊သူငယ်ချင်း
များ အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။
(၁)နှစ်ပြည့် အမှတ်တရ အဖြစ် “ဟင်းလင်းတံခါးရဲ့ဒုတိယမြောက်ခြေရာများ” ခံစားချက်
စာစုလေးကို လက်ဆောင်ပေးပရစေ….
ဟင်းလင်းတံခါးရဲ့  ဒုတိယမြောက်ခြေရာများ
ကိုနှိပ်၍ စာအုပ်လေးအားရယူပါရန်.. ခင်မင်လေးစားစွာဖြင့်...
ယိမ်းနွဲ့ပါး ညီအစ်ကိုများ
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
-
*ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေး**ဖက်ဝင်**ပျား**ရည်*
ရှေးလူကြီးများက ပျားရည်ကို “ပန်းပေါင်းတစ်ထောင်” ဟုခေါ်သည်။ ပျားကောင်၏
ခြေချောင်းကလေး ...
3 months ago
14 comments:
တစ်နှစ်ပြည့်မှသည် နောက်နှစ်ပေါင်းများစွာတိုင်အောင် တည်တန့်ပါစေနော်။ စာအုပ်လည်း ယူသွားပါတယ်။ ကျေးဇူးတင်ပါတယ်နော်။ :P
အရင်ဆုံးယူသွားပြီ။ :)
ဟက်ပီဘတ်ဒေးပါ ယိမ်းနွဲ့ပါး blog လေးရေ ...
မင်းရဲ့ တစ်နှစ်ပြည့် မွေးနေ့မှ သည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ယိမ်းနွဲ့ပါး ညီအကိုများနဲ့ အတူ ဆက်လက်ရှင်သန်ကာ ခံစားမှုရသ၊ သုတနဲ့ များ ပေးကမ်းဝေငှနိုင်ပါစေရယ်လို့ ဆုမွန်ကောင်းတောင်း ဆန္ဒပြုလိုက်ပါတယ် ယိမ်းနွဲ့ပါးရေ ... ။
(၁)နှစ်ပြည့် အမှတ်တရ အဖြစ် “ဟင်းလင်းတံခါးရဲ့ဒုတိယမြောက်ခြေရာများ” ခံစားချက်လက်ဆောင် ကိုလည်း အမှတ်တရ အမြတ်တနိုး ယူသွားပါတယ် ယိမ်းနွဲ့ပါး ညီအကိုများခင်ဗျား ...
အထူးကျေးဇူးတင် ... ခင်မင်လေးစားလျှက်
`ယိမ်းနွဲ့ပါး သို့...´
ထက်မြက်ပြီး.. ရဲရင့်တဲ့ ကဗျာသွေးတွေနဲ့... တစ်နှစ်ဆိုတဲ့ ကာလကို
ရဲရဲတောက်... စီဆင်းလာတဲ့.. ဒီမြစ်တစ်စင်း...။
သွက်လက်ပြီး.. စူးရှတဲ့ စကားလုံးအားတွေနဲ့...
တစ်နှစ်ဆိုတဲ့ ကာလကို
မဖိတ်မစင်... သယ်ဆောင်လာတဲ့.. ကဗျာ့..သစ္စာ..။
စည်းလုံးပြီး.. လက်တွဲမဖြုတ်တဲ့.. ရင်းနှီးမှုတွေနဲ့...
တစ်နှစ်ဆိုတဲ့ ကာလကို
ထိုးဖောက်လာတဲ့... ဖော်ရွေချစ်ခင်ခြင်း.. ကာရံမဲ့ လင်္ကာ...။
ကဲ.. ဘာပဲပြောပြော..
မင်း...တစ်နှစ်ပြည့်ပြီ ယိမ်းနွဲ့ပါရေး...
နောင်ရေးအတွက် ကလောင်သွေးတွေ ထက်ပါစေ...။
လေးစားခင်မင်လျက်...
ယိမ်းနွဲ့ပါး ညီအစ်ကိုတို့ရေ---
(၁)နှစ်ပြည့် အမှတ်တရ အဖြစ် “ဟင်းလင်းတံခါးရဲ့ဒုတိယမြောက်ခြေရာများ”
စာအုပ်ကို ထုတ်ယူသွားပါတယ်---
ရှေ့အနာဂတ်အတွက်--အနုပညာများဆက်လက်ဖြန့်ဖြူးနိုင်ပါစေ--
ခင်မင်လျက်
မသက်ဇင်
ပန်းလှလှလေးတွေ့ပါစေ... မှတ်ကျောက်ကောင်းကောင်းတွေ အများကြီးတင်နိုင်ပါစေဗျာ....
၁ နှစ်ပြည့်မှသည် နောင်နှစ်များစွာတိုင် တည်တံ အောင်မြင်ပါစေ..
ယိမ်းနွဲ့ပါးဘလော့လေး.. တနှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်
တည်တံ့ပါစေ။ ဟင်းလင်းတံခါးရဲ့ဒုတိယမြောက်ခြေရာများ
လက်ဆောင်လေးကိုအမှတ်တရ အဖြစ် ယူသွားပါတယ်..
လက်ဆောင်ပေးတဲ့အတွက် ကျေးဇူးပါဦးဦးမိုးကြယ်နဲ့ ဦးဦးနေ ရေ..
နောက်လည်း ကလောင်စွမ်း ဒီထက်ထက်မြတ်ပါစေလို့
ဆန္ဒပြုပါတယ်...
ယိမ်းနွဲ့ပါး အားလုံး တနှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည် တည်တံ့ပါစေ ဆုတောင်းပေးပါတယ်.
Happy Birthday YNP bros.
အပေါ်ကဆုတောင်းတွေ အကုန်ပြည့်စေသတည်းလို့ ဆုတောင်းပါတယ်နော်
present ကတော့ အွန်လိုင်းကနေ အီးကဗျာနဲ့တင်တော့ရဘူး
hard copy ယူလာပေး ဒါပဲ :P
(အဟီး ဗိုလ်ကျကြည့်တာ)
တစ်နှစ်ပြည့်မှ နောင်နှစ်များစွာ ရှင်သန်နိုင်ပါစေရှင်
အရောက်နောက်ကျတာ ခွင့်လွတ်ပါ ကိုမိုးကြယ်ရေ
တစ်နှစ်ပြည့်မှသည် နောင် နစ်ပေါင်းများစွာတိုင်အောင်
ဆက်လက်ရေးသားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်ဗျာ
လက်ဆောင် စာအုပ်ကလေးပါ ယူသွားတယ်ဗျို့
စေတနာ ၀ါသနာ အနစ်နာ နာသုံးနာနဲ့ ပြည့်ဝတဲ့
ကိုမိုးကြယ်ရေ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ
သူငယ်ချင်း
နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင်စွာနဲ့ ဆက်လက် Blogging နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ခင်မင်လျက်
ဝင်းဇော်
http://winzaw-mdy.blogspot.com
တစ်နှစ်တောင်ပြည့်ခဲ့ပြီနော်။
ဘာလိုလိုနဲ့ ယိမ်းနွဲ့ပါး ညီအစ်ကိုတွေရဲ့
ကဗျာတွေကို ဖတ်၊ စာတွေဖတ်ခဲ့ရတာ တစ်နှစ်ပြည့်ပြီပဲ။
နောက်နောင် နှစ်ပေါင်းများစွာ အထိ ကဗျာတွေ ဖတ်ခွင့်ရချင်ပါသေးတယ်။
Post a Comment