Sunday, December 14, 2008

တကယ်ပဲ


တကယ်ပဲ

တချို့  မိုးတွေက
ငါ့စကားနွားရ ထန်နေကြတယ်...

သမိုင်းတူတူပါပဲ...
ဘိန်းသမားချင်းလဲ အတူတူပဲဟာ...

ရည်မှန်းချက်ကဘာလဲ
မင်းကိုမင်းကောတကယ်သိပြီလား...

လုယက်ခံလိုက်ရတဲ့
တိမ်တိုက်တွေကို ပြန်ရှာဖို့ ခွန်အားရောရှိပြီလား...

ပုစ္ဆာရှိရင်
ဖြေရှင်းချက်ရှိရမယ်ဆို..ဘယ်မှာလဲ...
ဒီမှာ ပုစ္ဆာတောင် ကျောက်ဖြစ်တော့မယ်...

လေတွေပဲလှိမ့်တိုက်
ကျောက်ရုပ်ကြီးတောင် ခေါင်းငိုက်စိုက်ချနေတာကြာပြီ..
အားလည်းနာကြပါအုံး

လုပ်စမ်းဘာအုံး
တကယ်ပဲ လောကမှာ
မဖြစ်နိုင်တာ ဘာမှ မရှိဘူးတဲ့လား....

ကိုနေ

2 comments:

Anonymous said...

ကဗျာဆရာ တစ်ယောက်တည်းပဲ မဖြစ်နိုင်တာတွေ ဖြစ်အောင်လုပ်နိုင်တဲ့ အစွမ်းရှိပါရဲ့... ကိုနေ ... စကားလုံး အသုံးတွေကို လေးစားနေတာကြာပြီ ... ကိုမိုးကြယ်ရောပဲ ... တော်တယ်ဗျာ ...။ ကြိုက်တယ်။

ခင်မင်လေးစားစွာဖြင့်

Moe Myint Tane said...

ပုစ္ဆာတွေ ကျောက်ဖြစ်
လေပြင်းတွေပြင်းပြင်းထန်ထန်ပစ်ခတ်
ကျောက်တောင်ရုပ်တွေခေါင်းငုံနေပါစေ
တကယ်ပါ
ကဗျာဆရာဥဒါန်းမှာ
မဖြစ်နိုင်တာဆိုတာမရှိပါဘူး..။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်