Monday, December 15, 2008

ဆောင်းလိမ်းကြံတဲ့နှင်းစက်


ဆောင်းလိမ်းကြံတဲ့နှင်းစက်

မတားနဲ့ ငါလာမလို့
နွေအရောင်တွေပြိုင်းပြိုင်းထ..
ငါခိုခဲ့ရတဲ့ ၀င်ရိုစွန်းကနေငါလာမယ်..

ကြည့်ပါ
မီးပြတိုက်အလီလီထွန်းပြီး
ပင်လယ်ကိုမြင်အောင်ကြည့်ပါ..
မုတ်သုန်လမ်းခွဲ..
သွားလိုရာသွားဖို့
တံခါးတွေအားလုံးဖွင့်ထားတယ်..

ကြိုလှည့်ပါ ဆိုက်ပရပ်ပင်ကြီးရေ..
ကြိုလှည့်ပါ တေးသီငှက်လေးရေ..
ကြိုလှည့်ပေါ့ ပန်းပွင့်လေးတွေရေ..
ငါလာခဲ့ပြီ..

မနက်ခင်းတွေကိုကြိုးနဲ့သီ
မြူနှင်း ကလာကာဖြန့်ခင်း.
ငါသွားတဲ့ လမ်းတိုင်းအေးမြစေ..

အို… ငါ့ရဲ့
ချစ်သူပျိုမ နိုးထပါတော့..
ငါ့ကောင်းကင်ကိုလှုပ်ခတ်လို့
မင်းလိမ်းကြံမဲ့ ဆောင်းမှာ
ငါဟာလည်း နှင်းတစ်စက်တော့ဖြစ်တယ်။

မိုးကြယ်

8 comments:

ကိုရင်နော်ခင်လေးငယ် said...

ဘုရားဘုရား...

(((မနက်ခင်းတွေကိုကြိုးနဲ့သီ
မြူနှင်း ကလာကာဖြန့်ခင်း.
ငါသွားတဲ့ လမ်းတိုင်းအေးမြစေ..)))

ဒီလိုတွေ ဆုတောင်းစရာလားလို့
ဒီမှာ ချမ်းလို့ စိတ်တွေညစ်လှပေါ့..

ခင်မင်တဲ့..

ခေါင်ခေါင် said...

ရေးတတ်ပါ့ .. ဖွဲ့နွဲ့တတ်ပါ့နော်...
တစ်ကယ်ခမ်းနားတယ်..
ကြွေစင်တွေပဲ...

Anonymous said...

မနက်ခင်းတွေကိုကြိုးနဲ့သီ
မြူနှင်း ကလာကာဖြန့်ခင်း.
ငါသွားတဲ့ လမ်းတိုင်းအေးမြစေ..

လိုချင်တာတွေ--ပြည့်ဝပါစေ---
ကဗျာလေးကိုခံစားသွားပါတယ်---

Anonymous said...

ဟာ ... သိပ်ကောင်းတဲ့ကဗျာပဲ
အရမ်းကြိုက်သွားတယ် ... ဒါပဲကိုမိုးကြယ်
ကျွန်တော် ငှားထားတဲ့ စကားလုံးရှာစက်ကို အမြန်ငှားတော့ ကျွန်တော်လည်း ဒီလိုကဗျာလှလှတွေ ဖန်တီးချင်နေတာ ကြာပြီ ... ။

ခင်မင်လေးစားစွာဖြင့်

မြတ်သွယ် said...

စကားလုံးတွေက အရမ်းအရမ်း...... ကိုလှတယ် ကိုမိုးကြယ်
တကယ်ကောင်းတဲ့ ကဗျာလေးပါ
မီးပြတိုက်အလီလီထွန်းပြီး ပင်လယ်ကိုကြည့်ပါ...
ခံစားလို့အရမ်းကောင်းတယ်ကဗျာလေးပါ
အားပေးပါတယ်

Dr Phyo Wai Kyaw said...

ရေလည်ကောင်းတယ်ဗျာ..

'အို… ငါ့ရဲ့
ချစ်သူပျိုမ နိုးထပါတော့..
ငါ့ကောင်းကင်ကိုလှုပ်ခတ်လို့
မင်းလိမ်းကြံမဲ့ ဆောင်းမှာ
ငါဟာလည်း နှင်းတစ်စက်တော့ဖြစ်တယ်။'

တိုက်ဆိုင်တယ်ဗျ..

Moe Myint Tane said...

အို… ငါ့ရဲ့
ချစ်သူပျိုမ နိုးထပါတော့..
ငါ့ကောင်းကင်ကိုလှုပ်ခတ်လို့
မင်းလိမ်းကြံမဲ့ ဆောင်းမှာ
ငါဟာလည်း နှင်းတစ်စက်တော့ဖြစ်တယ်။

ဒါဆိုညီငယ် မင်းအတွက်လက်ဆောင်ပေးခဲ့မယ်။

ဟောဒီမှာ ငါရေးတဲ့စုတ်ချက် မင်းအတွက်ဖြစ်လိမ့်မယ်
ကောင်းကင်ကို အလှစင်ဘို့ ဆောင်းဝင်တဲ့ နှင်းစက်တို့ ရောက်ခဲ့ရင် မင်းလက်နဲ့ မခံနဲ့
ရင်ခွင်နဲ့ထွေးပွေ့ အလင်းငွေ့ငွေ့လေးတော့ပါပစေ
ချစ်သူပျိုမ နိုးထလာလိမ့်မယ်..။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

puluque said...

ညီအစ်ကိုတွေ လက်ရာကတော့ ရှယ်ပဲ..အားကျတယ်ဗျ...