Saturday, May 2, 2009

ဝိဥာဉ်အူသံ



ဝိဥာဉ်အူသံ

ကောင်းကင်ဟာအနီရောင်သန်းနေပြီ.
ဆိုပါတော့..
မိုးချုပ်သွားတာများ လက်ဖျားခါရက်တယ်
ပန်းတပွင့်အတွက် လရောင်ဟာလည်း
ချိုတတ်ပါရဲ့..

တံစက်မြိတ်အစွန်းမှာ
တွဲရွဲခိုလမင်း
တဖြည်းဖြည်းစင်းလာတဲ့ အမောများ…
ခေါင်းတလားတလုံးဟာ
ဝုန်းဒိုင်းကြဲအော်သံတွေကြားမှာ
ကိုယ့်ကိုယ်ကို ဆွဲပိတ်ပစ်လိုက်တယ်။

နီရွန်ကားချပ်များ တောက်ပနေလေရဲ့
အဲဒါ အ၀ါရောင်…လောင်ကျွမ်းခြင်း.
သေဆုံးခြင်း…..
ညဟာလည်း မြွေတကောင်ရဲ့တွန်သံမှာ
ငြိမ့်ညောင်းပျော်ဝင်လို့..။

မီးလျှံများထားသွားခဲ့
အခိုးများအဖြစ်ကာသွား
လောင်ကျွမ်းခြင်း တ၀က်တပျက်နှင့်
အိပ်မက်နံပါတ် ၁၃ အရောက်
ခေါင်းလောင်းသံ တချက်ကြားတယ်။

ဒဏ်ရာရခြောက်ခြားဖွယ် နေ့ရက်များ
ပူပြင်း..လှိုက်စားခံ ဘ၀..
ညတာရှည် ခရီးများအဆုံး
ကောင်းကင်ဟာလည်း အနီရောင်သန်းနေပြီ။

ခေါင်းတာလားမြည်သံများ
အူကျက်နေသည့် မြေနံ့များမှ
နိုးထခဲ့…
အလောင်းစင်နံဘေး
ထိတ်လန့်ဖွယ် အော်သံများဆုံး
ငါ ဂယောက်ဂယက်နှင့်ထထိုင်…
…….
………..
ငါ…ငါ…
ခန္ဓာမှားသွားတဲ့ ၀ိဥာဉ်တကောင်။

မိုးကြယ်

6 comments:

အိန္ဒြာ said...

ကြက်သီးထပြီးပြန်သွားတယ်...

ကဗျာနဲ့ပန်းချီ ဟတ်မိချက် က တော့

ဆောင်းယွန်းလ said...

………..
ငါ…ငါ…
ခန္ဓာမှားသွားတဲ့ ၀ိဥာဉ်တကောင်။
လန့်တောင်သွားတယ်ညီလေးရာ...

Moe Myint Tane said...

ကြောက်တတ်ပါတယ်ဆိုနေမှ။

ကဗျာနဲ့ ပန်းချီကား။

ဝိညာဉ်မှားနေတဲ့ ခန္ဓာ။

ခန္ဓာမှားနေတဲ့ ၀ိညာဉ်။

ပီပြင်တယ်။ တစ်နေ့နေ့မှာ....

သွားကြရဦးမယ်လေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

လင်းနေ said...

လန်ထွက်တယ်

minn thuka said...

ညီရေ ကဗျာဆရာမြေလတ်မောင်မြင့်သူကို သွားသတိရတယ်..
ချဉ်းကပ်ပုံတွေက ပန်းချီသိပ်ဆန်တယ်
လှပါ့ဗျာ။

ကိုရင်နော်ခင်လေးငယ် said...

နှစ်ခေါက် သုံးခေါက် ပြန်ဖတ်နေတာ..

ကောင်းလွန်းလို့..