ကျွန်တော်ဘလော့ရေးတာနှစ်နှစ်ပြည့်ပါပြီ..ဘလော့သက်တန်းနှစ်နှစ်ပြည့်ပြီပေါ့…
အခုလိုနှစ်နှစ်ကြာရပ်တည်နေနိုင်အောင် ရေးထားသမျှစာတွေ..ကဗျာတွေ..
ဖန်တီးထားသမျှ ပန်းချီတွေ ဒီဇို်င်းတွေကို လာရောက် ဝေဖန် အကြံပြုပေးကြတဲ့
ဘလော့ဂါ ညီအစ်ကို မောင်နှမ သူငယ်ချင်း အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်...
ခွေခေါက်လဲနေတဲ့စက္ကူချပ်ထဲက ငါ
သွားပြီ
ခွေခေါက်လို့လဲသွားပြီ
တစ်ရက်တစ်ရက်နဲ့ထူမတ်နေကြရဲ့
တစ်ခွက်တစ်ခွက်နဲ့ အချိုသပ်နေကြရဲ့
ရင်ဘတ်ထဲက မြစ်တစ်စင်းကတော့
ခြောက်လို့ သွေ့လို့…။
ဟိုက်ဒရိုဂျင်ဝ ပူဖောင်းတစ်လုံး
အထက်ကို ပျံတက်ချင်ခဲ့
ချည်ထားတဲ့ကြိုးက တင်းစဲ မြဲစဲ
စုန်းစုန်းချုပ်သွားတဲ့ မိုး
အခါခါ လင်းချင်းမှာ အိပ်ခဲ့ရဲ့…
ဘယ်တော့ပြန်လာမှာလဲတဲ့
ကိန်းဂဏန်း ရာထောင်ချီမက
မူးနောက်လို့..။
ကြွေသွားတဲ့ သစ်ရွက်ကို
သစ်ပင်နဲ့ သစ်ကိုင်းက
လစ်လျူရှုလို့…။
လဖက်ရည်ခွက်ထဲက
ညနေခင်းဟာလည်း
မှုန်လို့.. မှိုင်းလို့…။
လည်ပင်းအချင်းချင်း လိမ်ခဲ့ကြ
ခြေထောက်အချင်းချင်း ခွေခဲ့ကြ
သူတို့စကား ငါခါးတဲ့အခါ
ငါ့စကား သူတို့ခါးပေါ့…။
မျက်လုံးအချင်းချင်းတော့မြင်တယ်
ရင်ဘတ်မတူတာပဲရှိတယ်။
အချိုရှာ သကာမှောက်သွားတဲ့
ကမ္ဘာကြီးက ဖောင်းကားလို့..။
ပြတိုက်ထဲရောက်သွားတဲ့
ပြက္ခဒိန်မှာ ရက်ရာဇာပျောက်လို့…။
နှလုံးသားဓါတ်စာအတွက်
ခွေးဟောင်တောင် ထမကြည့်တဲ့
သူတွေက အိပ်မောကျလို့…။
ပြတင်းဘောင် ပေါ်က
ဆေးလိပ်တိုက
ငါ့ကို
လှောင်လို့ ပြောင်လို့..။
မိုးကြယ်
7 comments:
အင်းးးး
ကိုမိုးကြယ်ရေ ......။
ကျွန်တော်လည်း ခွေခေါက် လဲနေခဲ့တာ ကြာပြီဗျ ..
လုပ်သင့်တာ ဆိုတာရောက်ခေါင်းစဉ်အောက်
စက္ကူချပ် တွေနောက် တောက်လျှောက်လိုက်နေမိပေါ့ ..။
ANYWAY နှစ်နှစ်ပြည့် ကဗျာ အတွက် ချီးယားစ် ဗျာ ..။
ဆက်လက်တည်တံ့နိုင်ပါစေ. congrulations!
ခွေခေါက်တွန့်လိမ်ကောက်ကွေးနေရတဲ့ ဘဝတွေ...
ဘဝတွေကတော့ အတူတူပဲ ညီရေ့...
ကဗျာများဆက်လက်ရေးဖွဲ့နိုင်ပါစေ
ညီရေ... ၂နှစ်ပြည့်ကဗျာလေး လာဖတ်တယ်ဟေ့.... နောက်လည်း ကဗျာတွေရော ပန်းချီတွေရော ဆက်လုပ်နိုင်ပါစေ...။
ဖိုးမောင်
လဖက်ရည်ခွက်ထဲက
ညနေခင်းဟာလည်း
မှုန်လို့.. မှိုင်းလို့…။
တကယ်တော့ ညနေခင်းတွေ လင်းနေစေချင်ရင် လာမယ့်ပိတ်ရက် လက်ကျန်လေး ရှင်းကြရအောင်။ ရှိတာလေးနဲ့ ၂နှစ်ပြည့်အခမ်းအနားပေါ့ကွာ။း)
ကဗျာလေးထဲက ကြိုက်တာလေးတွေ ထုတ်နှုတ်ပီး မန့်မယ်ဆို ကူးရေးရင်း စာက ရှည်ရှည်လာလို့....
ပြန်ဖျက်ပီး ဆုတောင်းလေးပဲရေးသွားတော့မယ်နော။
ဘလော့နှစ်နှစ်ပြည့်မှသည် ရာစုနှစ်ပေါင်းများစွာ
အနုပညာ အသီးအပွင့်များ ဝေဆာ ဖူးပွင့်နိုင်ပါစေလို့........
ဝမ်းသာတယ်ဗျာ...ဆက်လက်တည်တံ့နိုင်ပါစေ... :)
Post a Comment