Saturday, May 17, 2008

ဆွံ့အခြင်း

ဒီည  ကြယ်တွေတစ်ဖြုတ်ဖြုတ်ကြွေလို့

ပန်းပင်လယ်မှာတော့ လမင်းကသာမြဲတိုင်းသာမြဲ...

 

နှုတ်ဖျားကကြွေကျလာတဲ့

နှောင်ကြိုးမဲ့ကဗျာ တစ်ပုဒ်အတွက်

အိပ်မက်တွေ ဆွံ့အနေပြီလား…

 

သက်မဲ့ကောင်းကင်မှ

ပြာလဲ့လဲ့ အလင်းတန်းအချို့

ဒီမြေပြင်ပေါ်သက်ဆင်း..

 

ထွက်သက် ၀င်သက်မဲ့

ခံစားချက်တွေအတွက်တော့

ပြုံးပြုံးကြီး ငါကျေနပ်လိုက်မယ်။

 

မိုးကြယ်

No comments: