ရိုးရိုးလေးပါပဲ
ဆောင်းမနက်ခင်းတိုင်းကို
ရင်ခုန်တတ်တဲ့ကောင်ပေါ့…
အတွေးနက်နက်တွေထဲ
ခဏခဏခြေချော်ကျ
အတိမ်းအစောင်းနဲ့
နိုးထခဲ့ရတဲ့ အိပ်ပျက်ညတွေလည်းများပေါ့။
အမေကပြောတယ်
နင်ကအိပ်မက်မက်ပြီး
လွမ်းနေတတ်တဲ့ကောင်တဲ့။
အခါ တစ်ရာ
အခါ တစ်ထောင်
အခါ တစ်သောင်း
ဘယ်လောက်ပဲမက်မက်
အဲ့ဒီ အိပ်မက်ကို ကျွန်တော်တက်မက်တယ်။
နတ်တို့ဖန်ဆင်းတဲ့ အလား
ကြွေရုပ်လွှာထက်
နှင်းဆီသွေးတို့ ယှက်ဖြာကျင်းချိန်
မိုးမခပန်းတွေကလည်း
အပြိုင်အဆိုင် ပွင့်ပေါ့။အဲဒီ အိပ်မက်
လေပြေရဲ့ တစ်ဆုတ်တစ်ကြဲ
ရှိုက်သံနဲ့တင်ပဲ
အကြိမ်ကြိမ်လဲပေါ့….
နှုတ်ဖျားကကြွေကျ
ဂီတသံ တစ်ချို့တစ်ဝက်ကြောင့်ပဲ
နှလုံးသားလည်း နှုံးချိခဲ့ပေါ့…
အကြည့်တစ်ချက်၊ ညှို့တစ်စက်နဲ့ပဲ
စံပယ်တွေတစ်ရုံးရုံးကြွေကျ
အဲ့ဒိ ထဲကတစ်ပွင့်ဆိုရင်လည်း
ငါကျေနပ်ရဲ့…
ကောင်မလေးရေ
ငါဆိုတာက
ဓါးအိမ်မရှိတဲ့ ဓါးတစ်လက်
ပြီးတော့
ထိလွယ်ရှလွယ်ပါရဲ့….။
မိုးကြယ်
6 comments:
အကြည့်တစ်ချက်၊ ညှို့တစ်စက်နဲ့ပဲ
စံပယ်တွေတစ်ရုံးရုံးကြွေကျ
အဲ့ဒိ ထဲကတစ်ပွင့်ဆိုရင်လည်း
ငါကျေနပ်ရဲ့…
ဒီတပိုဒ်လေး ဖတ်လိုက်တာ ဒီကဗျာကို ကျေနပ်သွားတယ်။
ကဗျာလေးကိုသဘောကျတယ်ဗျ...
ဓါးအိမ်မရှိတဲ့ ဓါးတစ်လက်
ပြီးတော့
ထိလွယ်၇ှလွယ်ပါရဲ့.......
ကိုမိုးကြယ်ကြီး ..ဒီနောက်ဆုံး စာပိုဒ်လေးကို ကြိုက်တယ်။ ထိလွယ်ရှလွယ်တယ်တဲ့ တကယ်ပဲလားဗျာ
အတွေးနက်နက်တွေထဲ
ခဏခဏခြေချော်ကျ
အတိမ်းအစောင်းနဲ့
နိုးထခဲ့ရတဲ့ အိပ်ပျက်ညတွေလည်းများပေါ့။
ကိုမိုးကြယ်ရေ----
ဒီအပိုဒ်လေးကြိုက်တယ်---
အတွေးကောင်းအရေးကောင်းတဲ့
ကဗျာကောင်းတွေပါလား---
ခင်မင်လျက်
မသက်ဇင်
ကဗျာလေးက နူးညံ့လိုက်တာ။
ကိုမိုးကြယ်ရေ....
ကောင်မလေးရေ
ငါဆိုတာက
ဓါးအိမ်မရှိတဲ့ ဓါးတစ်လက်
ပြီးတော့
ထိလွယ်ရှလွယ်ပါရဲ့….။
တို့ကတော့ ဒါလေး ကြိုက်တယ်။
Post a Comment