ငါ့….အာရုံထဲကို မိုးကြိုးသွားတွေ စီးဝင်နေကြတယ်
တဖက် ကမ်းက အနမ်းမဲ့ နှုတ်ခမ်းအော်သံတွေကိုလဲ
ငါကြားတယ်…
ဒီလိုနဲ့
ဟိုဟိုဒီဒီသွားနေတဲ့
အတွေးပါးပါးလေးတွေကို
ပြန်စုထားလိုက်တယ်….
ငါ့ နားမှာ တံလျပ်တွေ တဖျပ်ဖျပ်ထ နေကြတယ်
ဒါဟာ မြို့ ပြဆန်တဲ့ တောခြုံ အုံကြားတစ်ခုပဲ…..
သူ့ မှာအနှစ်ဆိုတာ မရှိဘူး….
လေညင်းဟန်ဆောင်ထားတဲ့
ရောင်တော်ပြန်တွေကြားမှာ
အဆိပ်သင့်နေတာ
ရာစုနှစ်များစွာကြာပြီပေါ့
ဒီလိုနဲ့
ကျောက်ခေတ်တခုကိုပြန်ရောက်ရအုံးမယ်….
ဒီလိုနဲ့
အနောက်တောင်ထောင့်ကို ငါကြည့်မိတော့
လရောင်တောက်နေပြီလေ…..
ကိုနေ
4 comments:
ယိမ်းနွဲ့ပါး အုပ်စုကတော့ ကဗျာမှာ ၀ိတ်ပဲ...
လေညင်းဟန်ဆောင်ထားတဲ့
ရောင်တော်ပြန်တွေကြားမှာ
အဆိပ်သင့်နေတာ
ရာစုနှစ်များစွာကြာပြီပေါ့
ကိုနေရေ----
ကောင်းလိုက်တဲ့ စာပိုဒ်လေးပါလား--
အဆိပ်သင့်နေတာ ရာစုနှစ်များစွာကြာပေါ့ကွယ်
ခင်မင်လျက်
မသက်ဇင်
မိုက်တယ်ဗျို့
`ကျောက်ခေတ်´ က စာလုံးပေါင်း မှားနေသလားလို့။
ကောင်းပြန်ပြီ ကိုနေရေ ။ အနောက်တောင်ကို ကြည့်လိုက်တော့ ဟုတ်ပဗျာ။ လေ၇ာင်တောင် တောက်နေပြီ ။ :)
Post a Comment