Thursday, December 4, 2008

အသွင်ပြောင်းခြင်း



အဲဒီကြူးရင့်ခြင်းတွေကြောင့်ပဲ
ငါ့နားရွက်တွေ ခြောက်ခြားခဲ့ရ။
သွက်သွက်ခါစကားလုံးတွေ
ပျို့ အန်ချဖို့က
ငါ့ပါးစပ်ကိုဆီထည့်ဖို့လိုတယ်။

ရနံ့ တွေပေးခဲ့ပေမယ့်
စေးကပ်ကပ်နိုင်လှတဲ့
ငါ့နှာခေါင်း ကဘာကိုမှ မမြင်ဖူး။
(ကြားလည်းမကြားဖူး)

ငါ့လက်တွေကိုခေါင်းအုံးဖို့
ယူသွားပြီးမှ
အပေါင်ဆုံးခဲ့ပြန်တယ်လေ။

အဲဒီလိုနဲ့
ငါ့ကို ဆွဲယူသွားပြီး ရွာချပစ်တယ်
အိမ်ပြန်လာတဲ့ခြေထောက်တွေ
ငါ့ခန္ဓာကိုယ်နဲ့ မိတ်မဖွဲ့ ချိန်ပေါ့…..

မိုးကြယ်
(ကဗျာဟောင်းတစ်ပုဒ်ပါ။ ဒီဇိုင်းဆွဲရင်းအာရုံရလို့ပြန်တင်လိုက်တာပါ။)

2 comments:

Welcome said...

ဖတ်သွားတယ်၊
(ရနံ့ တွေပေးခဲ့ပေမယ့်
စေးကပ်ကပ်နိုင်လှတဲ့
ငါ့နှာခေါင်း ကဘာကိုမှ မမြင်ဖူး။)
ဆောင်းတွင်းဆိုတော့ နှာစေး နေလို့ ဖြစ်မှာပါ

http://winzaw-mdy.blogspot.com/

Anonymous said...

အနုပညာရော.၊ အနုပညာစိတ်အခြေခံနဲ့..ဖန်တီးနိုင်စွမ်းအားကို.
.လေးစား အားကျမိပါတယ်။
(ကိုယ်ကစာရေးတာကလွဲပြီးမလုပ်တတ်လို့လေ..)။ အခုကနေစပြီးအဟောင်းတွေကိုပါ..လာလာဖတ်မယ်နော်။ သိပ်ကြိုက်သွားတာတွေဆို..
ရေးချင်ပြောချင်တာလေးတွေ.ထားခဲ့မယ်.။

အိန္ဒြာ