Saturday, December 6, 2008

လမ်းဆုံး



လမ်းဆုံး

လမ်းကိုမြင်တယ်..
တောင်ကိုလည်းမြင်တယ်..
တောင်ကြီးဖ၀ါးအောက် လည်းမြင်တယ်..
ကွေ့ပတ်ရှောင်ရှားသွားတဲ့ ..
ခြေထောက်တွေကိုလည်း မြင်တယ်။

လမ်းကိုမြင်တယ်..
ပင်လယ်ကိုလည်းမြင်တယ်..
လှိုင်းကြီးလှေအောက် လည်းမြင်တယ်..
လက်မှိုင်နဲ့သက်ပြင်းကိုရောချ..
နောက်ပြန်လှမ်းသွားတဲ့ ခြေရာတွေကိုလည်း မြင်တယ်..

လမ်းကိုမြင်တယ်..
လင်းပြာမှိုင်းဝေနေတဲ့ညကိုလည်း
ငါမြင်တယ်..
ခေါ်သံ အော်သံတွေရဲ့အဆုံးမှာ
လမင်းဟာအစွမ်းကုန်ထွန်းလင်းခဲ့တယ်..
မနက်ဖြန်အတွက်တော့ ညဟာ
စုန်းစုန်းချုပ်နေစဲ..

လမ်းကိုမြင်တယ်..
တံခါးတွေကိုလည်းမြင်တယ်..
လမ်းဆုံးနေတာလည်းမြင်တယ်..
ငါ့ကိုယ်ငါလည်း ပြန်မြင်ခဲ့တယ်..

မိုးကြယ်

6 comments:

Moe Myint Tane said...

လှမ်းခဲ့တဲ့ ခြေကတစ်လှမ်းတည်း..
ဒါပေမယ့် ခရီးတွေကတော့ဆက်လာတတ်တယ်..
ခရီးကလည်း တစ်ခုတည်း..
ခွဲထွက်တဲ့ လမ်းတွေဘဲများလာတယ်..
တစ်နေ့မှာ လမ်းဆုံးတံခါးကို ငါတို့သွားဖွင့်မယ်..
အဲဒီအချိန် ခေါ်သံ အော်သံတွေနဲ့ ထွန်းလင်းတဲ့လမင်း..
စုန်းစုန်းချုပ်သွားတဲ့ည ဒါတွေအားလုံးငါတို့ ထားခဲ့ရမယ်..။

ခရီးဆုံးကို မရောက်ခင် ငါတို့ဆက်လျှောက်ကြမယ် ကိုမိုးကြယ်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

အလင်းစေတမန် said...

ကဗျာလေး ဖတ်သွားပါကြောင်း ကိုမိုးကြယ်ရေ

Welcome said...

ကဗျာကောင်းလေးကို ခံစားသွားတယ်

http://winzaw-mdy.blogspot.com

ခေါင်ခေါင် said...

ကဗျာကို ဖတ်တယ်..
ခမ်းနားတဲ့ စကားလုံးတွေပဲမြင်တယ်

ဇင်ယော် said...

လမ်းဆုံးအတိုင်းလိုက်သွားတော့ ကိုယ့်ကိုကိုယ်လည်း မြင်မိပါရဲ့။ ကွေ့ပတ်ရှောင်ရှားသွားတဲ့ ခြေထောက် တွေကို အပြစ်မတင်ချင်ပေမယ့် နောက်ပြန်လှမ်းသွားတဲ့ ခြေရာတွေနောက်ကို လိုက်နေမိတဲ့ ကိုယ့်ခြေထောက်တွေကိုတော့ ရိုက်ချိုးလိုက်ချင်ပေရဲ့ဗျာ။

Anonymous said...

လမ်းဆုံးကို ရောက်တဲ့ အခါ ကိုယ့်ကိုကိုယ်မြင်တယ်ဆိုတာ သိပ်လေးနက်တဲ့ သဘောဆောင်နေတယ်လို့ မြင်မိ၊ ခံစားမိတယ်။ တရားရှာ ခန္ဓာမှာတွေ့ ဆိုတဲ့သဘောလေး ပြေးမြင်မိတာ။ သိပ်ကောင်းတဲ့ ကဗျာလေးပါပဲ ကိုမိုးကြယ် ...။

ခင်မင်လေးစားစွာဖြင့်