ထိုနေ့ ….
ပြန်တွေ့ လို့ ရှိ
ရင်ပြောပေးပါ။
ဦးကင်းထက်မှာ
ပန်းတွေရှိကြောင်း
မနက်ဖြန်မှာ
အိပ်မက်တွေရှိကြောင်း
ဟောင်းနွမ်းနေတဲ့ နာရီတခုလို
ခပ်နဲ့ နဲ့ ရယ်သံပဲ ကြားနေရကြောင်း
နွေဦးမှာ
ရွက်ဝါတွေကြွေကြောင်း......
တချိန်ကတော့
ကောင်းသောညနေပေါ့ကွယ်
ငါသွားရင်တော့ထားခဲ့ရမယ်…..
(၀မ်းနည်းပါတယ်)
အိုချင်လဲအို ဟောင်းချင်ဟောင်းတော့....
ကိုနေ(07.10.2008)
2 comments:
တချိန်ကတော့
ကောင်းသောညနေပေါ့ကွယ်
(၀မ်းနည်းပါတယ်)
အိုချင်လဲအို ဟောင်းချင်ဟောင်းတော့....
စာသားလေးတွေ ကြိုက်တယ်။
မျဉ်းကွေးထက် ဒီကဗျာလေးကို ပိုသဘောကျပါတယ်. ငါသွားရင်တော့ထားခဲ့ရမယ်…..
ဆိုတာလေးကို ပိုနှစ်သက်ပါတယ်
Post a Comment