တကယ်လို့များ. . .
တို့များရဲ့ ကနောင်
အကြံတွေအောင်ခဲ့ရင်. . .
တကယ်လို့များ
တို့များရဲ့ ဗိုလ်တေဇ
စောစောသာ မကျခဲ့ရင်. . .
တကယ်လို့များ
တို့များရဲ့ ရွှေစု
အနေဥခဲ့ရင်. . .
ရင်ထဲက ငါ့စကား
အခုချိန်မှာ
မင်းအသေချာ ကြားရမှာပါ။
အခုများတော့
အကျင့်ပုပ်တဲ့ ခြင်္သေ့ယုတ်ရဲ့
ခံတွင်းဝထဲက ငါက
ဘာစကားတွေနဲ့ ဘာတွေများပြောနိုင်တော့မှာလဲ. . .
သန်းခေါင်ကျော် အလင်းပေါက်
ဒေါင်းမြူးလို့ တချိန်..ခြင်္သေ့ငြိမ်ခဲ့ရင်
ရင်ပွင့်သံစကား မင်းကြားကိုကြားရမှာပါ။ ။
(၁၉၉၆ ခုနှစ်ကျောင်းသားလှုပ်ရှားမှုကာလ အမှတ်တရ)
သုစံ
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment