Wednesday, October 31, 2007

ရယ်နိုင်ပါစေ

ခွဲစိတ်ဆရာဝန်သုံးဦး သူတို့၏အတွေ့ အကြုံများ အကြောင်းဖလှယ်နေသည်။ ပထမဆရာဝန်။ ။ ကျနော်မိုင်းထိတဲ့ လူနာတစ်ယောက်ကို နှစ်ပတ်လောက်ကြာအောင်ခွဲစိတ်ပေးလိုက်ရတယ် အကောင်းအတိုင်းပြန်ဖြစ်အောင်

ဒုတိယဆရာဝန်။ ။ ကျနော်ကတော့ယာဉ်တိုက်မှုကခရီးသည်တစ်ဦးမျက်နှာတော်
တော်လေးပျက်စီးသွားတာကိုအကောင်းအတိုင်းပြန်ဖြစ်အောင် တလကြာလောက်ခွဲစိတ်ပြုပြင် ပေးလိုက်ရတယ်။

တတိယဆရာဝန်။ ။ ကျနော့်လူနာက လေထီးတပ်ကဗျ။ သူအမြင့်ပေသုံးသောင်းက လေထီးခုန်တယ်၊ လေထီးမပွင့်ဖူး။ ကံကောင်းချင်တော့ ငနဲက နှင်းပုံပေါ် ပြုတ်ကျတယ်။
ဒီကောင့်မျက်နှာက အပြုံး ပျောက်သွားအောင် ကျနော်သုံးလ လောက် အချိန်ယူလိုက်ရတယ်ဗျာ။

မိုးကြယ်

စာအုပ်ဖတ်မိခြင်း

တခါက..
ငါ..စာအုပ်တအုပ်ဖတ်မိတယ်….
ဖတ်ရင်းနဲ့ပဲ…
စာအုပ်ထဲငါနစ်မြုပ်သွားခဲ့တယ်….
ပြန်ထွက်လာတော့…
နှလုံးသားပြန်ပါမလာတော့ဖူးလေ….

စာအုပ်အဖုံးထောင့်လေးမှာတော့…
ရေးထားလေရဲ့….
`တန်ဖိုး ၁၅၀၀´

ကိုနေ

Sunday, October 28, 2007

ကမ္ဘာပျောက်ကြယ်

တခါက
ကမ္ဘာကြီးရဲ့ ကောင်းကင်မှာ..
ကြယ်တွေနဲ့ဝင်းလို့…
လင်းပခဲ့ဖူးတယ်….

တခါက
ကမ္ဘာကြီးရဲ့ နံရံမှာ…
ပန်းပေါင်းစုံဖူးပွင့်လို့…
ရနံ့တို့လည်း..သင်းမြခဲ့ဖူးတယ်….

ခုတော့လည်း…
ကမ္ဘာကတခြား…ငါကတခြား….

သို့…
လမ်းပြကြယ်..
ငါ့ကမ္ဘာကိုပဲ..ငါလိုချင်တယ်…
ငါ့ဝိညာဉ်မောပန်းလွန်းလို့ ပါ…

ကိုနေ(၂၀၀၅)

ရင်ခွင်မှတဆင့်

ကြင်နာစွာထွေးပွေ့ …
နှင်းငွေ့ ရဲ့ ရှိုက်သံ…
တခါတခါ..
ရင်ခွင်မှတဆင့်..
နှလုံးသားထဲထိ ရောက်လေရဲ့…

ကိုနေ(၂၀၀၅)

Saturday, October 27, 2007

သောက်ချင်လွန်းလို့-၂

လူတစ်ယောက်ငါးမျှားနေသည်။ ငါးသေးသေးလေးတစ်ကောင်ဖမ်းမိရာ ဘေးနားက ၀ီစကီ ခွက်
ထဲထည့်ပြီးခဏကြာပြန်လွှတ်ပေးလိုက်သည်။ထို့နောက်တွင်တော့ ငါးအကြီး၊ အသေး၊ အလတ်
အများကြီးမိသည်။ အကုန်လုံးကိုဘေးနားက ပလိုင်းထဲကောက်ထည့်သည်။ ပလိုင်းထဲက ငါးများ
အချင်းချင်းပြောနေကြသည်။ ‘ဟိုကောင်ပြောတော့အရက်တိုက်ပြီးပြန်လွှတ်တယ်ဆို..အခုတော’့။။။။

မိုးကြယ်

ကြုံဖူးပေါင်

ဂျော်နီ အရက်သောက်ပြီးပြန်လာတိုင်း ရေတစ်ဖန်ခွက်သောက်နေကြဖြစ်သည်။တစ်ည ရေခွက်နှင်.
ယောက်ခမကြီး၏ကျောက်မျက်လုံးစိမ်ထားသောခွက်ကို မူးမူးဖြင့်မှားသောက်ပစ်လိုက်သည်။မနက်
ကျတော့ဝမ်းသွားလို့မရ သဖြင့်လိပ်ခေါင်းအထူးကုဆရာဝန်ဆီသွားပြရသည်။ ဆရာဝန် ဂျော်နီ့ ရောဂါကိုကြည့်ပြီး သတိမေ့လဲကျသွားသည်။ ဂျော်နီ ဆရာဝန်ကိုနှာနှပ် သတိရအောင်လုပ်ပြီး ‘ ဆရာ ဘာဖြစ်လို့သတိမေ့သွားရတာလဲ
ဆရာဝန် ။ ။ ကျနော်စအိုတွေအများကြီးကြည့်ဖူးတယ်၊ ကျနော့်ကိုပြန်ကြည့်တဲ့စအို ဒီတစ်ခါပဲတွေ့ဖူးတယ်ဗျာ။။။။။

မိုးကြယ်

လမ်းခွဲခြင်း

ဒီဇင်ဘာနဲ့ နှင်းကခွဲမရဖူးတဲ့…
ဘယ်သူပြောလို့လဲ…

ခုတော့လဲ…
ဒီဇင်ဘာတခြား နှင်းတခြားနဲ့….
ငါ့ရေခဲမြစ်တွေမှာ
ဝတ်ရည်တွေတောင်…
ခမ်းလုပြီ….

ကိုနေ(၂၇.၁၀.၂၀၀၇ မနက် ၃း၀၀)

လေဟာနယ်

သက်မဲ့ကွင်းပြင်ထက်
ငါ..
အိပ်မက်တစုံ..၀တ်ဆင်လို့..
လမ်းလျှောက်သွားခဲ့တယ်….
အဆုံးမှာဘာတွေရှိမှာလဲ….

ဒီလိုနဲ့…ငါလဲ
လေဟာနယ်ရဲ့ ဗဟိုချက်မှာ
ပုံပမာတပုဒ်ကို
သီကျူးမိပါရောလား…

ကိုနေ

စိတ်သုန်းချိန်

စွတ်စိုထိုင်းမှိုင်းလွန်းတဲ့
ကမ္ဘာမြေကငါ့ကို
သူ့ရင်ခွင်ထဲဆွဲသွင်းဖို့
ကြိုးစားနေတယ်။

ခြောက်သွေ့အက်ကွဲနေတဲ့
ရယ်သံတွေနဲ့အတူ
ခပ်ပြင်းပြင်းလေနီကြမ်းတဖက်
မုန်တိုငးတဖက်နဲ့ ကောင်းကင်က
စွန်ရဲတစ်ကောင်လို ငါ့ကို
ထိုးသုတ်ဖို့အားပြုနေပြီ။

ဒီိလိုနဲ့ပဲ
ကြေးနီရောင်အမှောင်ထုက
တစ္ဆေတစ်ကောင်လို
ငါ့ကိုတစ်စတစ်စ ၀ါးမြိုနေလေရဲ့..

ရာသီခွင်တွေရပ်တံ့
သန်းခေါင်ကျော်တောင်မိုးမသောက်နိုင်တဲ့
ရင်ခုန်သံကင်းမဲ့ဇုန်ထဲမှာပဲ
ငါ......သေဆုံးပစ်လိုက်တော့မယ်။။

မိုးကြယ်

Friday, October 26, 2007

ပွဲမ၀င်ခင်အပြင်ကကျင်းပ

နိုင်ငံတကာအရူးထောင်များဖလားဘောလုံးပြိုင်ပွဲသို့ဝင်ရန်အတွက် ကျင်းပရာသို့ စားသမားများလေယာဉ်နှင့်ထွက်ခွာလာသည်။
လမ်းတွင် ပွဲမ၀င်ခင်အပြင်ကကျင်းပဆိုသကဲ့လေယာဉ်ပေါ်တွင်အပြင်းအထန်လေ့ကျင့်ကျရာ။ လေယာဉ်မှူးက လေယာဉ်ပျက်ကျမှာစိုးသဖြင့် အသင်းကပ်ပတိန်ကိုခေါ်ပြီး သတိပေးရသည်။ ကပ်ပတိန်ကလည်းအရူးဖြစ်သည်။
ခင်ဏအကြာတွင် အသံများတိတ်ဆိတ်သွားရာ လေယာဉ်မှူး သိချင်၍ ကပ်ပတိန်ကိုခေါ်ကာ မည်သို့မည်ပုံတားမြစ်လိုက်သနည်းဟုမေးသည်တွင်..
“ကျွန်တော့်လူတွေက ပြောရတာ မခက်ပါဘူး..လေယာဉ်ထဲမှာလေ့ကျင့်ရတာ ကျဉ်းပါတယ်..
လေကောင်းလေသန့်ရအောင် အပြင်ထွက်လေ့ကျင့်ကြလို့ပြောလိုက်တယ် “

မိုးကြယ်

လွယ်ပါတယ်

ချူချာရဲသားနှစ်ယောက်ပတ်တယောင်လှည့်နေရင်း လက်ပစ်ဗုံးသုံးလုံးတွေ့လို့ သိမ်းယူလာရင်း တစ်ယောက်က၊၊ ဒီအချိန်များ ဗုံးတစ်လုံးကျကွဲသွားရင်ဘယ်လိုလုပ်မလဲ...ကျန်တစ်ယောက်၊၊လွယ်ပါတယ်ကွာ စခန်းရောက်တော့နှစ်လုံးထဲတွေ့တယ်လို့
ပြောလိုက်မှာပေါ့။

မိုးကြယ်

စည်းကမ်းသိပါ

တရားပြဆရာနှစ်ဦး အရက်မူးမူးနှင့်ဆိုင်ကယ်မောင်းလာသည်ကို ယာဉ်ထိမ်းရဲကတားပြီး
ရဲ။။ခင်ဗျားတို့နှစ်ယောက်မူးမူးနဲ့ဆိုင်ကယ်မောင်းလာတာ သေမှာမကြောက်ဘူးလား..
ဆရာ။။မကြောက်ပါဘူး ငါတို့နဲ့အတူ ဘုရားရှိတယ်..
ရဲ။။ဒါဆိုပိုပြီးတောင်ဖမ်းသေးတယ်..ဆိုင်ကယ်ကိုသုံးယောက်စီးလို့မရဘူး။

မိုးကြယ်

Tuesday, October 23, 2007

သောက်ချင်လွန်းလို့

တခါက ယုန်နှစ်ကောင် လမ်းလျှောက်ထွက်လာရင်း လမ်းမှာ Scotch Whiskey တစ်လုံးကောက်ရတယ်။ အရက်တော့ သောက်ချင်ရဲ့ အမြည်းမရှိဖူး ဖြစ်နေတယ်။
ဘေးနားက သစ်ပင်မှာ ကျီးတကောင် ဒိန်ခဲ ကိုက်ပြီး နားနေတယ်။
ယုန်နှစ်ကောင်က အရက် ပုလင်းကိုပြပြီး
`ဟေ့… ကိုကျီး အရက်သောက်ချင်လား´

ကျီးက `အား´ လို့ အော်လိုက်တယ်။ ပါးစပ်ထဲကဒိန်ခဲကပြုတ်ကျသွားတယ်။ ယုန်နှစ်ကောင် ကို ကောက်ပြီး ထွက်ပြေးသွားပါကော။

ခဏကြာတော့ ယုန်နှစ်ကောင် ရီဝေေ၀ နဲ့ သစ်ပင်အောကရောက်ပြန်တယ်။ အရက်ပုလင်းကိုပြပြီး ..
`ဟေ့…ကိုကျီး အရက်သောက်ချင်လား …´ ကျီး ကလုံးဝပြန်မဖြေဘူး ။
ယုန်က
`မသောက်ချင်လဲ နေပေါ့ သုံးယောက် မျှ သောက်မလို့ ဟာကို..´
ကျီးက လက်ခံတဲ့ အနေနဲ့ `အား´လို့ ဖြေတယ်။ ပါးစပ်ထဲက ဒိန်ခဲက ထပ်ပြီးလွတ်ကျသွားတယ်။ ယုန်နှစ်ကောင်ကောက်ပြီး ထွက်ပြေးသွားပြန်တယ်။

ခဏကြာတော့ ယုန်နှစ်ကောင် ထပ်ရောက်လာပြန်တယ်။
`အရက်သောက်ချင်လား မျှသောက်မယ်လေ´
ကျီးတုတ်တုတ်မလှုပ်ဖူး
` အဲဒါဆိုလဲ ခင်ဗျားတယောက်ထဲသောက်ဖို့ ပုလင်းထားခဲ့ပေးမယ်´
ကျီးအပျော်လွန်ပြီး အော်လိုက်တယ်။
`အား´ ။

မိုးကြယ်

Sunday, October 21, 2007

နွံ

အူဝဲဆို အော်ငိုကတည်းက
ကျဆင်းခဲ့ရ
ဒီဒုက္ခတောင်းထဲမှာ
အာရုံ ငါးပါးအင်္ကျီကိုတော့
လျှော်ဖွတ်ဖို့
မကြိုးစားသေးဖူး ။ ။

နေကြီး

အိပ်ပျက်ခြင်း

အိပ်မက်အပိုင်းအစ
တွေပေါ့….
ဟိုဒီပျံ့ကျဲလျက်
ညသည်လည်းတစစီကျိုးပဲ့….

ငိုနေစဲ..
ငါ့ရဲ့ မိုးတိမ်တွေတောင်…
ရှိုက်သံပျောက်လို့….
ကောင်းကင်ကြီးလည်း မျက်ရည်မဲ့…

အရှေ့ ဘောင်မှာ…
ရောင်နီသန်းချိန်ထိတော့…
ငါ့..၀င်ထွက်သက်တို့ ..
တာရှည်ခံနိုင်ရဲ့…..

ကိုနေ (၂၁.၁၀.၂၀၀၇ မနက် ၃း၂၀)

လမ်းပြ

ဟေ့
မင်းရှေ့ မှာ မင်းကိုနိုင်ရှိတယ်၊
မင်းရှေ့မှာ ကိုကိုကြီးရှိတယ်၊
မင်းရှေ့မှာ မင်းဇေယျရှိတယ်၊
မင်းက ဘာတွေတွေးလို့ ဘာကိုကြောက်နေတာလဲ၊
သူတို့လဲ ရုပ်နဲ့ နာမ်နဲ့ ၊
ငါတို့လဲ ရုပ်နဲ့ နာမ်နဲ့၊
သူတို့က မိုက်ရဲတယ်
ငါတို့က မမိုက်ရဲဘူးလား။
ကဲ..စဉ်းစား……………….
ဘယ်သူတရားသလဲ။ ။
(၂၀၀၇ စက်တင်ဘာလှုပ်ရှားမှုအားဂုဏ်ပြုပါ၏)


သုစံ

Thursday, October 18, 2007

တချိန်

တကယ်လို့များ. . .
တို့များရဲ့ ကနောင်
အကြံတွေအောင်ခဲ့ရင်. . .

တကယ်လို့များ
တို့များရဲ့ ဗိုလ်တေဇ
စောစောသာ မကျခဲ့ရင်. . .

တကယ်လို့များ
တို့များရဲ့ ရွှေစု
အနေဥခဲ့ရင်. . .
ရင်ထဲက ငါ့စကား
အခုချိန်မှာ
မင်းအသေချာ ကြားရမှာပါ။

အခုများတော့
အကျင့်ပုပ်တဲ့ ခြင်္သေ့ယုတ်ရဲ့
ခံတွင်းဝထဲက ငါက
ဘာစကားတွေနဲ့ ဘာတွေများပြောနိုင်တော့မှာလဲ. . .

သန်းခေါင်ကျော် အလင်းပေါက်
ဒေါင်းမြူးလို့ တချိန်..ခြင်္သေ့ငြိမ်ခဲ့ရင်
ရင်ပွင့်သံစကား မင်းကြားကိုကြားရမှာပါ။ ။
(၁၉၉၆ ခုနှစ်ကျောင်းသားလှုပ်ရှားမှုကာလ အမှတ်တရ)


သုစံ

Tuesday, October 16, 2007

လွမ်း…..သို့ မနက်ခင်း

နှင်းရည် လဲ့လဲ့တို့ သီဝေနေချိန်..
ငါ့ မနက်ခင်းက
အဝေးမှာ ။

ရင်ခုန်သံတိတ်ဆိတ်နေတဲ့
အခန်းငယ်
အထီးကျန်ဆန်နေ။

လွမ်းရစ်ဝေ မှောင်တဲ့
မျက်ဝန်းတစုံ…
ခြောက်သွေ့ နှလုံးသား…
လှမ်းမမှီနိုင်တော့တဲ့ရယ်သံတွေ…

………………………………………..

နေချြည်ရေ
ကောင်းကင် ကွဲကြောင်းကနေ
ငါ့ ရင်ခွင်ထဲထိ
ပြို ကျလှည့်ပါ။


မိုးကြယ်

Monday, October 15, 2007

သို့….မင်းကို

သိပ်မဆန်းကြယ်ပါဖူး။ ငါ့ရဲ့ ချဉ်းကပ်မှုဟာ သမာရိုးကျလေးပါ။ မင်းသိရင်လည်း သိခဲ့ပါလိမ့်မယ်။ မင်းက လက်တွေ့ ကျတဲ့ချစ်ခြင်း ၊ သဘောထား ပြည့်တဲ့ နားလည်မှု ၊ တည်ငြိမ် ရင့်ကျက်မှုတွေ နဲ့ လျှောက်လှမ်း ချင်တယ်။ ငါ့ရဲ့ စိတ်ကူးယဉ်ဆန်တဲ့ ၊ သဘောထား သေးတဲ့ ၊ ချစ်ခြင်းတွေကြောင့် မင်းစိတ်ညစ်နေမယ် ထင်ရဲ့ ၊ အရာအားလုံး အတွက်တောင်းပန်ပါလိုက်ပါတယ်။ မင်းကို တခုတော့ သိစေ ယုံကြည် စေချင်ပါတယ်။ မင်းနဲ့ ပက်သတ် သမျှ ငါ့ ရဲ့ ဖြစ်ခဲ့ပြီး ၊ ဖြစ်နေဆဲ ၊ စိတ်ဖြစ်စဉ် တိုင်း အတွက့် ငါ့ ရင်မှာ နင့်….လို့ ။

ကိုဖြိုး

ဇွဲ

ထစ်ချုန်းသံမစဲ
မိုးမဲကိုဆန်
လေဟုန်ကိုခွင်း
မှောင်ကို ထွင်းလို့
ရည်ရွယ်ရာဆီ
ပျံကာချီစို့…

မိုးကြယ်

ကဗျာဖြစ်ခြင်း

ကဗျာဆိုပြီး
ဖန်တီးလိုက်တာပဲ…
ဒါပေမယ့်
ဝိုင်တခွက်ဖြစ်သွားတယ်….

ဒါပေမယ့်…
ငါ့မှာ..ပေါင်မုန့် မှမရှိပဲ…..

သြော်…
ဒါပေမယ့်….
သံစဉ်အစအနတွေတော့ ရှိ တယ်….
အားလုံးပေါင်းရင်တော့..
ပေါင်မုန့်တချပ်..
ဖြစ်ကောင်းနိုင်ရဲ့….

ကိုနေ(၁၃.၁၀.၂၀၀၇ ၄း၂၀ ညနေ)

Saturday, October 13, 2007

ရှက်ပြုံး

အလွမ်းတွေကို..ခ၀ါချ
ပန်းပင်လယ်မှာ
အနမ်းတွေနဲ့ ဝေနေချိန်…
လမင်းကလည်း..
ရှက်ပြုံးလေးနဲ့

ကိုနေ 2:24 AM

အရန်လူ

ပျော်တပြုံးပြုံး
မှိုင်တတွေတွေ….

တစ်ပွဲလုံးစာ
ရင်ခုန်လှိုက်မော

နိုင်ရင်ရပ်လို့ လက်ခုပ်တီး
ရှုံး ရင်ငိုက်စိုက်လက်မှိုင်ကိုချ

အရန်လူတစ်ယောက်ရဲ့
ဘဝ

မိုးကြယ်

Friday, October 12, 2007

မာယာ

အကြင်နာရယ်..
ဘာကြောင့်များ...
အိမ်မက်ဦးမှာ...
မာယာတွေခင်းထားတာလဲ....

ဒီလိုနဲ့ပဲ..
ငါ့ရဲ့တိမ်တိုက်တွေ..
ေ၀၀ါးသွားခဲ့တယ်......


ကိုနေ(၂၀၀၅ ၊ ထိုင်းနိုင်ငံ)

Thursday, October 11, 2007

ကောင်းကင်တု

တခါက
ကောင်းကင်ကြီးတခု
ကောက်ရခဲ့တယ်….

ဒါပေမယ့်
သူ့မှာ
တိမ်တွေပါမလာဖူးလေ….

ဒါနဲ့ပဲ
ကိုယ့်ဟာကို
အငွေ့ပျံပြီး ရွာချလိုက်တယ်…

တလောကလုံးကို
အနီရောင်တွေ
ရွှဲလို့….

ကိုနေ

လမင်းကြွေ ချိန်…..

မျက်ရည်တွေတိုက်စားလွန်းလို့…
ပါးလွှာနေတဲ့
ငါ့ရဲ့  ကောင်း ကင်….
လမင်းကြီးကြွှေ ကျသွားတာ…
ကြာလှရောပေါ့…….

ဒီလိုနဲ့ပဲ….
ညဉ့် နက် သန်းခေါင်…
ငါတယောက်တည်း….
မျက်နှာကျက်တွေကို…..
တေးဆိုပြရင်း…..
သို့….ချစ်သူရေ……
အိပ်မက်လှလှမက် ပါ စေကွာ…..

ကိုနေ

Wednesday, October 10, 2007

ရင်မှပန်း

ရင်မှပန်းမို့ ....
လန်းစေချင်သည်....
နှုတ်ခမ်းပါးလေး...
နုရည်ရည်မှာ...
အနမ်းတို့...
ထာဝရ ရှိချင်သည်။။။

ကိုနေ
(ချစ်သူအတွက်ရည်ရွယ်ဖန်းတီးခဲ့ပါသည်)