စွတ်စိုထိုင်းမှိုင်းလွန်းတဲ့
ကမ္ဘာမြေကငါ့ကို
သူ့ရင်ခွင်ထဲဆွဲသွင်းဖို့
ကြိုးစားနေတယ်။
ခြောက်သွေ့အက်ကွဲနေတဲ့
ရယ်သံတွေနဲ့အတူ
ခပ်ပြင်းပြင်းလေနီကြမ်းတဖက်
မုန်တိုငးတဖက်နဲ့ ကောင်းကင်က
စွန်ရဲတစ်ကောင်လို ငါ့ကို
ထိုးသုတ်ဖို့အားပြုနေပြီ။
ဒီိလိုနဲ့ပဲ
ကြေးနီရောင်အမှောင်ထုက
တစ္ဆေတစ်ကောင်လို
ငါ့ကိုတစ်စတစ်စ ၀ါးမြိုနေလေရဲ့..
ရာသီခွင်တွေရပ်တံ့
သန်းခေါင်ကျော်တောင်မိုးမသောက်နိုင်တဲ့
ရင်ခုန်သံကင်းမဲ့ဇုန်ထဲမှာပဲ
ငါ......သေဆုံးပစ်လိုက်တော့မယ်။။
မိုးကြယ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment