Thursday, February 28, 2008

အောင်ပွဲ

ဒီရင်မှာ
မိုသွင်းထားတဲ့…
ကကြိုးတွေနဲ့…
ရေချိန်ကိုက်နေလေရဲ့ …
စီစီညံတဲ့......
တိုက်ပွဲခေါ်သံတွေကြားနေရတဲ့
ပွဲခွင်တွေမှာ
အောင်သေအောင်သားစားရင်းနဲ့
ရသမျှနဲ့..တင်းတိမ်ခဲ့တာပဲ
မည်သူ့ ကိုမှ…မရည်ရွယ်ပဲ နဲ့…ကျနော်လဲ တခါက ငိုကြွေးခဲ့ပါသည်……..

ကိုနေ(၂၈.၀၂.၂၀၀၈)

လှောင်ချိုင့်

မှားယွင်းတဲ့…
အခင်းအကျင်းတွေနဲ့
သမိုင်းစာမျက်နှာတွေ
ဒီမှာပဲထားခဲ့လိုက်….

အမှိုက်သရိုက်တွေနဲ့…
လောကကိုလှဲကျင်းဖို့….
ကောင်းကင်က...ဘာကို..
ဖန်ဆင်းခဲ့တာလဲ….

အလဲအကွဲနဲ့…
ငါ့တို့ ရဲ့  ကမ္ဘာ
ဘယ်သူကကယ်တင်မှာလဲ…..

တို့ မျက်ရည်တွေ
ချွေးတွေနဲ့….ခင်းခဲ့တဲ့…
လမ်းကို…
လှမ်းလို့ကောမြင်ရတော့ပါ့မလား..

နံရံကြီးက ကြီးလွန်းလို့…
ဆို့နေတဲ့ ရင်နဲ့….
တစုံတရာကို…ငဲ့ကွက်နေခဲ့ရင်….

ငါတို့ရဲ့  မနက်ဖြန်…
ငါတို့..ပြန်ပိုင်ဆိုင်ရပါ့မလား….

စဉ်းစားကြည့်ပါကောင်းကင်ရာ…
မိုးရွာတော့မှ
ရေခံ ချင်ရင်တော့..
လျှော့ရက်မရှိတဲ့…
လှောင်ချိုင့်ထဲမှာသာ
နေလိုက်တော့….

ကိုနေ(၂၈.၀၂.၂၀၀၈)

Wednesday, February 27, 2008

ချစ်သူအတွက်..ငါ

ညဆိုအိပ်မပျော်ဖူး…
ကြယ်တွေနဲ့ အပြိုင်ကြွေနေရလို့….

မစို့မပို့ ရွာသွားတဲ့…
ဒီနှင်းတွေ စွေတဲ့..ဆောင်းကလည်း..
ဟိုး…အဝေးမှာ…..

ကောင်းကင်အောက်မှာ..
နမ်းခဲ့တယ်….ချစ်သူ….
ရင်တွေကျွမ်းသွားရင်တောင်….

ချစ်သူအတွက်…..
အိပ်မက်ကို…
ငါတည်ဆောက်မယ်…

ချစ်သူအတွက်ပေါ့….
အတိတ်တွေကို
မှတ်ကျောက်တင်မယ်….

ချစ်သူအတွက်ပေါ့….
အနာဂါတ်ကို…..
ငါဖန်တီးပေးမယ်…..

ဒီကောင်းကင်ရှိနေသရွေ့  ပေါ့….
မလျှော့တဲ့….
ချစ်ခြင်းတွေနဲ့…

ထာဝရ….ရှင်သန်မယ်…….

ကိုနေ 27.02.2008 1:50 AM (ချစ်သူအတွက်...ရည်ရွယ်ဖန်တီးပါသည်)

Saturday, February 16, 2008

ဝံပုလွေတစ်ကောင်ရဲ့ညစာ

မှိုင်းပြာရည်မှူံနေတဲ့ကောင်းကင်
လင်းပြလို့ကောင်းတုန်း
ခရမ်းပျော့ အိပ်မက်တွေဝတ်ဆင်လို့
လှချင်တိုင်းလှနေတဲ့
ည…..

သူ့ဆီမှာမြှုပ်နှံထားတဲ့
သံစဉ်အပိုင်းအစတစ်ချို့ကို
တူးဆွလို့….
လမင်းရဲ့ရှေ့မှာ
ရင်ဖွင့်ကာသီကြွေးခဲ့

ကောင်းကင်ကအန်ထုတ်ချခဲ့တဲ့
ကြယ်ပုဝါဖြန့်ခင်း
ပစ္စုပန်ကို ၀ါးမြိုလို့
အတိတ်ကို စားမြုံ့ ပျံရင်း
အနာဂါတ်က အသွေးအသားအပြည့်နဲ့
လောင်းကျွမ်းလင်းပလျက်။ ။

တကယ်တမ်း
ငါသောက်မြိုစားသုံးခဲ့တာ
အလွမ်းကဗျာတစ်ပုဒ်နဲ့
ကြေကွဲသံစဉ်တစ်ချို့ပါ။ ။

ညရယ်
အဆုံးရှိခဲ့ရင်
ဖုတ်ဖက်ခါ
ထမသွားပါဘူး
နင့်ရင်ခွင်မှာပြန်လည်မြှုပ်နှံထားခဲ့မယ်
ငါ့ညစာကို…….။ ။

မိုးကြယ်

နွေ

ပြာလဲ့ကောင်းကင်
တိမ်ခိုးစင်သည်။
ရွက်ဝါခညောင်း
မြေခရောင်းထက်

ငွေနှင်းအသွင်
လျှပ်ထင်သည်
ကြည်လဲ့ရေပြင်
စိတ်ငြိမ်ကောင်းတုန်း

ပင်အိုထက်မှ
ဖော်မဲ့တမ်းခြင်း
ငိုကြွေးသီသည့်
ဥသြနှင့်ပြိုင်

လွမ်းစာဖွဲ့ဆို
ရင်မှာခိုသည့်
ပြိုလဲ့နေခြည်
တမ်းမျှော်ရည်ရင်း
ရောက်ခဲ့ပြန်ပေါ့
နွေဦးတဖန်။
--------- ။ ----------

တစ်သက်တာအတွက်
ပျိုးခဲ့တဲ့ပန်းကလေးရေ
ငါ့ရင်ခွင်ထက်မှာပဲ
လန်းစွင့်လှည့်ပါ။ ။

မိုးကြယ်

Sunday, February 3, 2008

အယောင်ဆောင်ညနေ

ညနေဆိုတာ ဆည်းဆာအဖြစ်နဲ့လည်း
ပြုစားတတ်တယ်။

ကမ္ဘာတစ်ခြမ်းတော့ နေကြွမ်းခဲ့
အလင်းမအုပ်ချိန်ထိ
အိပ်တန်းဆီပြန်ကြဦးဆို့.

ကြယ်တစ်စင်းနဲ့ ပဲ
ထွန်းလင်းကြည့်ခြင်တယ်..

မြင်တယ် ဆိုရင်ပဲ
ကျေနပ်ပါ တယ်။
အကောင်အထည်ပြစရာ
မလိုဘူး.

ည သည် ဟိုးဝေးဝေးဆီမှာ
ကျန်ရစ်ခဲ့..

နေခြည်ရဲ့ ကိုယ်စား
မှိုင်းပြပြအလင်းတစ်ခုက
မနက်ခင်း ကိုဖန်တီးခဲ့..

လူ့လောကပင်လယ်ပြင်ကျယ်မှာ
ရှင်သန်ဖို့အတွက် မုန်တိုင်းတွေ
လေပြင်းတွေနဲ့ ပွေ့ဖက်…

အညှာမခိုင်ရင်တော့
မင်းဘ၀..ရွက်ဝါအဖြစ်နဲ့
ဝဲလွင့်ရလိမ့်မယ်..

သတိထားပါ…
ညနေဆိုတာ ဆည်းဆာအဖြစ်နဲ့လည်း
ပြုစားတတ်တယ်။

မိုးကြယ်

လ မဲ့..ည..ကဗျာ

နေထွက်ချိန်မှာ…
လငုပ်သွားတဲ့ ညကို
ဝမ်းပန်းတနဲနဲ့..ဆွေးမြည့်နေလို့ကော
ကြယ်တွေကပန်းတွေနဲ့ဝေမှာလား…

တွေဝေနေလား…မိုးကောင်းကင်
နှင်းဝေမှာလား…ကြွေမှာလား…
ကောင်းကင်တောင် ဇီဝိန် ကြွေနေပြီလား
သခင်..

နှင်တိုင်းပြန်ရမှာလား...
ငါက..အရှင်အတိုင်းထိုင်နေတဲ့…
ညနေခင်းမှ…မဟုတ်တာ….
ညှာတာလှဲ့ပါ…အကြင်နာ

ကဗျာယောင်ဆောင်နေတဲ့…
ညနေစောင်းက…
သံစဉ်မပါတဲ့…သီချင်းတပုဒ်ကို
သီကြူးစဉ်…

ဟာတာတာပန်းချီကားပေါ်မှာတော့
ညသည်အရှင်လတ်လတ်နဲ့ပဲ…
သေဆုံးလျက်

ကိုနေ(၃.၂.၂၀၀၈)