ပြာလဲ့ကောင်းကင်
တိမ်ခိုးစင်သည်။
ရွက်ဝါခညောင်း
မြေခရောင်းထက်
ငွေနှင်းအသွင်
လျှပ်ထင်သည်
ကြည်လဲ့ရေပြင်
စိတ်ငြိမ်ကောင်းတုန်း
ပင်အိုထက်မှ
ဖော်မဲ့တမ်းခြင်း
ငိုကြွေးသီသည့်
ဥသြနှင့်ပြိုင်
လွမ်းစာဖွဲ့ဆို
ရင်မှာခိုသည့်
ပြိုလဲ့နေခြည်
တမ်းမျှော်ရည်ရင်း
ရောက်ခဲ့ပြန်ပေါ့
နွေဦးတဖန်။
--------- ။ ----------
တစ်သက်တာအတွက်
ပျိုးခဲ့တဲ့ပန်းကလေးရေ
ငါ့ရင်ခွင်ထက်မှာပဲ
လန်းစွင့်လှည့်ပါ။ ။
မိုးကြယ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment