မှိုင်းပြာရည်မှူံနေတဲ့ကောင်းကင်
လင်းပြလို့ကောင်းတုန်း
ခရမ်းပျော့ အိပ်မက်တွေဝတ်ဆင်လို့
လှချင်တိုင်းလှနေတဲ့
ည…..
သူ့ဆီမှာမြှုပ်နှံထားတဲ့
သံစဉ်အပိုင်းအစတစ်ချို့ကို
တူးဆွလို့….
လမင်းရဲ့ရှေ့မှာ
ရင်ဖွင့်ကာသီကြွေးခဲ့
ကောင်းကင်ကအန်ထုတ်ချခဲ့တဲ့
ကြယ်ပုဝါဖြန့်ခင်း
ပစ္စုပန်ကို ၀ါးမြိုလို့
အတိတ်ကို စားမြုံ့ ပျံရင်း
အနာဂါတ်က အသွေးအသားအပြည့်နဲ့
လောင်းကျွမ်းလင်းပလျက်။ ။
တကယ်တမ်း
ငါသောက်မြိုစားသုံးခဲ့တာ
အလွမ်းကဗျာတစ်ပုဒ်နဲ့
ကြေကွဲသံစဉ်တစ်ချို့ပါ။ ။
ညရယ်
အဆုံးရှိခဲ့ရင်
ဖုတ်ဖက်ခါ
ထမသွားပါဘူး
နင့်ရင်ခွင်မှာပြန်လည်မြှုပ်နှံထားခဲ့မယ်
ငါ့ညစာကို…….။ ။
မိုးကြယ်
ရောင်နီတွေနဲ့ ဒို့အတူ
-
အဲဒီညခင်းလေးမှာ မန်းလေးကို သတိရ.. မြို့မငြိမ်းကို သတိရ.. တချိန်တည်းမှာ
နာမကျန်းရရှာတဲ့ ဘဝဘဝ တွေကို သတိရ... အဲဒါ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့
ရောင်နီ ...
3 months ago
No comments:
Post a Comment