Monday, May 26, 2008

ဘာရယ်မဟုတ်

ဟေ့လူ…
ငိုချင်လဲငို
ရီချင်လဲရီ….
ပြီတီတီတော့လုပ်မနေနဲ့…

ကဗျာမိုက်တဲ့
အထာမကိုက်တိုင်း
သူတို့က ၀ိုင်းအာကြတယ်

ဆရာကြီးတော့မဟုတ်ပါဖူး
အထာကြီးတယ်လို့ပြောချင်ပြော….
မိုးရွာအောင်တော့…
လွန်မဆော့ဖူး…..

အထူးတော့…
မဟုတ်ပါဖူး…
မင်းကိုယ်ရေးကဗျာမှာ
အရူးအမူးတော့..
ကြွေခဲ့တယ်

ကိုနေ(၂၁.၀၅.၂၀၀၈)

ကြိုလှဲ့

အိပ်တော့ကွယ်
နောက်တော့လိုက်လာခဲ့မယ်
အတွေးထဲကို….

အိပ်မက်မက်လဲ
လွမ်းနေစဲ…
မင်းနမ်းတဲ့…ညတွေဆီ

အလှမ်းမဝေးတော့ပါဖူး…
ချွေးသိပ်ရင်းပြေးလာခဲ့မယ်…
ကြိုလှဲ့ကွယ်

ကိုနေ(၂၁.၀၅.၂၀၀၈)

ပုံပြင်

မနက်လင်းစဉ်
လေညင်းကသင်းသတဲ့လေ…

ကဗျာတပုဒ်အလား
ထုတ်ထုတ်ကြွားမိတဲ့…
ငါ့ရဲ့  ဆားပုံပြင်…
ခါးသက်ခဲ့….

ဖြစ်ပျက်ဆိုးတွေကို
သံစဉ်လုပ်မဆိုချင်ပါဖူး…
လွတ်မြောက်ခွင့်ပေးပါတော့…
သွေးပျက်ည..အိပ်မက်ရယ်

ကိုနေ(၂၁.၀၅.၂၀၀၈)

Sunday, May 25, 2008

နွေ

ရည်ရွယ်မထားပဲ
ငါ့ရင်တစ်ခုလုံး
ရိုးပြတ်တွေနဲ့ ပြည့်လို့

မိုးကြယ်

ခဏတာ

ကြယ်မကြွေခင်ဆုတောင်းမိတယ်
ဘယ်တော့များကြွေမှာလဲလို့

ကောင်းကင်တွေပြောတဲ့
ဘာသာဗေဒ
လမင်းကပဲ
ညင်ညင်သာသာပြုံးနေရော့လား……

ညဥ့်ရေ တချက်လောက်တော့နိုးထဦး
အာရုံမလာခင် ငါတို့
ခဏဖြစ်ဖြစ် မှောင်လိုက်ကြရအောင်

မိုးကြယ်

Thursday, May 22, 2008

ကြယ်အိပ်မက်

အိပ်မက်ထင်လို့
ပွေ့ ဖက်လိုက်တာ
ရင်ခွင်ထဲတောင်ရောက်နေပါရောလား

တားလို့မရလဲ
ထားလိုက်တော့မယ်…
ရင်ထဲမှာပဲ
တသက်တာနေလိုက်တော့

ငါ့ကြယ်လေးက
လမင်းနဲ့ အပြိုင်တော့
မမြိုင်ဆိုင်နိုင်ပါဖူး….
အရူးအမူးတော့လဲ
တခါက...ချစ်ဖူးပါရဲ့ 

ကိုနေ(၂၁.၀၅.၂၀၀၈)

မနက်ဖြန်

မနက်ဖြန်ဆိုတာ…
အနာဂတ်ရဲ့ …တခါးတပေါက်များလား….

ကိုယ့်အားနဲ့ ကိုယ်…
နေသာခဲ့ရတဲ့နေ့ တွေ
ဘယ်တော့…တေးသာခွင့်ရမလဲ

အနိုင်ကြဲ လိုက်မယ်
အခွင့်သာမယ်ဆိုရင်…
စကြာဝဋ္ဌာကို...
အစုန်အဆန်ကူးချင်တယ်….

လန်းတယ်…
ဒီညကဆန်းတယ်….
မှောင်တ၀က်လင်းတ၀က်နဲ့…
ကမ္ဘာကိုလှည်းကျင်းနေလေရဲ့ 

ဒီတညတော့…
မိုးအလင်းပဲ….
ငါ..ထွန်းလင်းပစ်လိုက်မယ်…..

ကိုနေ(၂၁.၀၅.၂၀၀၈)

Monday, May 19, 2008

မိုး

တစ်ကယ်ပါ

ဘယ်သုမှမသိလိုက်ပဲ

ငါ့ရင်ထဲမှာ

တိတ်တိတ်လေး

ခိုးရွာနေတာ ကြာပြီ။

 

မိုးကြယ်

အထီးကျန်ခြင်း

မညီမျှခြင်းတို့ရဲ့နောက်ကွယ်က

ဟားတိုက်ရယ်မောသံတွေ

ငါကြားနေရတယ်။

 

မျက်ဝန်း အပေါ်

တိမ်တစ်အုပ်ဖြတ်စဉ်

ငွေ့ရည်ဖွဲ့ကာ မိုးအဖြစ်

ရွာချကောင်းရွာချခဲ့လိမ့်မယ်..

 

ငါ့နှလုံးသားကတော့

တိတ်တစိတ်နဲ့ခြောက်ကပ်နေဆဲ..

 

သတိရမိတိုင်း

ကြေကွဲခဲ့ရတဲ့ ဒီနေ့ရက်တွေထဲ

ကိုယ့်ကိုယ်ကို နှစ်မြှုပ်ဖို့ကြိုးစားရင်း..

 

မင်းနဲ့ဝေးပြီးနောက်

ငါတစ်ယောက်ထဲ

ဘယ်လောက်များ

အထီးကျန်လိုက်မလဲလို့

တွေးမိတိုင်း

ငါ့ရင်မှာနင့်လို့…..။

 

မိုးကြယ်

Saturday, May 17, 2008

ဆွံ့အခြင်း

ဒီည  ကြယ်တွေတစ်ဖြုတ်ဖြုတ်ကြွေလို့

ပန်းပင်လယ်မှာတော့ လမင်းကသာမြဲတိုင်းသာမြဲ...

 

နှုတ်ဖျားကကြွေကျလာတဲ့

နှောင်ကြိုးမဲ့ကဗျာ တစ်ပုဒ်အတွက်

အိပ်မက်တွေ ဆွံ့အနေပြီလား…

 

သက်မဲ့ကောင်းကင်မှ

ပြာလဲ့လဲ့ အလင်းတန်းအချို့

ဒီမြေပြင်ပေါ်သက်ဆင်း..

 

ထွက်သက် ၀င်သက်မဲ့

ခံစားချက်တွေအတွက်တော့

ပြုံးပြုံးကြီး ငါကျေနပ်လိုက်မယ်။

 

မိုးကြယ်

Friday, May 16, 2008

အပြုံး

ခံစားလို့ မဆုံး
အပြုံးတို့နဲ့မျက်နှာ
ကဗျာတပုဒ်များလား….

ထားခဲ့လိုက်ပြီ
ဒဏ်ရာဗရပွနဲ့
ညနေတွေ….

တွေဝေလို့မဆုံးခင်
ငါ့ထွက်သက်တွေ…
အတုံးအရုံးနဲ့ကျဆုံး……
မင်း..ပြုံးတဲ့အချိန်

ကိုနေ(၁၆.၀၅.၂၀၀၈)

ပြန်လာမယ့်…အချိန်

ထားရစ်တော့မလို့လား
နေချည်ဖျားမှာ…
ငါငိုလို့ သာနေပါ့မယ်….

တောင်စဉ်ရေမရနဲ့
အိပ်မက်တွေအဖျားတက်တဲ့ည
မလှမပနဲ့ ပဲ ဇာတ်သိမ်းတော့မှာလား

ဟားတိုက်သာရယ်လိုက်ပါ
ငါ့ကဗျာတွေကာရန်မဲ့နေရင်
ညင်ညင်သာသာပေါ့

လျော့မတွက်နဲ့ ချစ်သူ
လူလူသူသူပြုံးတဲ့လ
ဒီတညပဲသာမှာမို့လို့ပါ

ကမ္ဘာ ဦးပန်းတွေ
စွေတဲ့အလှဲ့ကြရင်
ပြန်လာရင်လာခဲ့ပါ….

ကိုယ်လေ..ရင်ခွင်ပိုက်
သံစဉ်တချို့ နဲ့ 
ကြိုလှဲ့ မယ်…..

ကိုနေ(၁၆.၀၅.၂၀၀၈)

Wednesday, May 14, 2008

Sovereignty should not mean that governments are free to do what they want within their own borders if it causes the deaths of tens of thousands of its citizens.

Copied from Irrawaddy Magazine (English)
http://www.irrawaddy.org/opinion_story.php?art_id=11973

ပစ်စာ

မိုးရေမဆဲခင်တော့သည်းဦပေါ့ကွာ

ကောင်းကင်မှာ နေမပွင့်ခင်

ငါတို့ နားခိုစရာ ရင်ခွင်လည်း

ဘယ်ခြောက်သွေ့နိုင်ဦးမလဲ…

 

အမိုးအကာမဲ့ ငါတို့ဘ၀တွေ

ငတ်တစ်လှည့် ပြတ်တစ်လှည့်

ငါတို့နေ့စွဲတွေ အတွက်

နာဂစ်ဆိုတာ အပိုဆုလား….

 

ခြောက်ခြားစရာ ညတွေဟာ

မိဘမဲ့ ရင်သွေးတွေ အတွက်

နာကြည်းဖွယ် ကဗျာတစ်ပုဒ်

နာကျင်ဖွယ် သံစဉ်တစ်ချို့ ဆိုရင်…

 

လောကကြီးရဲ့ မတရားလိုက်ပုံများ

ဘယ်ခုံရုံး ကများ လက်ခံလို့စစ်ဆေးပေးမှာလဲ…

 

ညမမှောင်ခင် လမ်းပြဖို့

ကမ်းလင့်မဲ့ လက်တွေကိုစောင့်စားရင်းနဲ့

လု့လောက ဇာတ်ခုံအလယ်က

ကြိုးဆွဲရာ ကနေရတဲ့

မွဲတေတေ ရုပ်သေးရုပ်တစ်ကောင်ရဲ့

ရင်ကွဲပက်လက် ငိုကြွေးသံကို

လစ်လျှုရှုနိုင်ပါစေလို့…….

 

မိုးကြယ်

Tuesday, May 13, 2008

ခွေးသူတောင်းစားမှ ….. ငရဲပြည်သို့

သာတာပေါ့..
မင်းက..ဒီခွေးမသာတွေနဲ့ ….
ဆွေမျိုးနီးစပ်ဆိုတော့….

ရူးသလိုလို နှမ်းသလိုလိုနဲ့….
နှဲ့  တဲ့တဲ့တော့မပြောနဲ့ သူငယ်ချင်း…
မင်းအရှက်မဲ့တာလူသိကုန်ပြီ….

ငါလဲ ရိုက်မယ်ချန်မထားနဲ့…
ခွေးဝဲစား သတင်း ချာနယ်လ်မှာပဲပေးဖို့
ငါ့မျက်နှာလေးသစ်လိုက်အုံးမယ်…..

ခွေးကလူလိုအော်…
တတိုင်းပြည်လုံးနော်
ပျက်ပါကောလား….

သက်ကြားအိုကြီး
လာမယ်ဆိုရင်…
ဖက်စ်ကြို ထိုးလိုက်နော်
ငရဲတံခါးဖွင့်ရင်းကြို နေမယ်….

သြော်..
ငရဲ ပြည်ဝင်ခွင့် ဗီဇာ
အခါခါ…ရီဂျက်ဖြစ်ရင်တော့…
မသိဖူးနော်

ကိုနေ
(ရိုင်းစိုင်းသောအသုံးအနှုံးများအတွက်ခွင့်လွှတ်ပါရန်)

တစ်ဘ၀စံများသို့

လူစကားနားမလည်
လူလိုမပြောတတ်၊
လူလိုမကျင့်ကြံ
လူလိုမတွေးတတ်၊
လူရာမ၀င်
လူတောမတိုးတတ်၊
လူဇာတ်မခင်းတတ်တဲ့ အဆုံး
လူလွန်မသားတွေ လုံးလုံးဖြစ်ပေါ့။
လူသားတွေနေတဲ့ တို့မြန်ပြည်
လူသား တစ်ဘ၀စံတွေမင်းလုပ်
လူတွေကို ခွေးကအုပ်ချုပ်ပါပေါ့လား။
လူတူ ခွေးတူ မဟုတ်
လူစင်စစ်က ခွေးစကားပြောတဲ့ ကောင်တွေ
လူစင်စစ်က ခွေးလိုကျင့်ကြံတဲ့ ကောင်တွေ
လူစင်စစ်က ခွေးဇာတ်ခင်းတဲ့ကောင်တွေ
ဟေ့ တစ်ဘ၀စံတွေ ခပ်မြန်မြန်လျှောက် ခွေးမသာလမ်းအရောက် . . .။

သုစံ

ခါတော်မီသာပွင့်လှဲ့ ပါ

ကယ်သူမဲ့….
ကြွေနေတဲ့…တို့ ရဲ့ ပန်းပွင့်တွေ….

ပန်းသခင်ကတောင်
မကြင်နာတော့….
နေခြည်ကိုကော
မျှော်လင့်ခွင့် ရှိပါအုံးမလား…..

အတ္တတွေ..အမုန်းတွေ
သင်ပုံးမချေတော့ဖူးလား….

အကယ်၍များ….
မင်းကိုယ်တိုင်….
မြတ်နိုးတဲ့…ပန်းတပွင့်
ပိုးခခဲ့ရင်ဘယ်လို နေမလဲ…..

တခါတခါ…
လောကက…ကျွဲပါးစောင်းတီးနေသလိုပဲ

တခါတခါတော့လည်း…
ကြေးမုံ တချပ်ကိုအားကျတယ်…

မှတ်သားမိပါစေ….
ကြေးမုံက..ဘက်မလိုက်တက်ဘူး…..
မင်းကြည့်သလိုပဲ…
မင်းကိုပြန်ကြည့်လိမ့်မယ်…..

ဒီမှာ…
လောကမှာ….
ခါတော်မီသာ…
နေမသာခဲ့ရင်….
ထာဝရ..ညဥ့်နက်ရလိမ့်မယ်…..

လွယ်သလိုသာ…
နေရစ်ခဲ့ရင်….
ငါ့ ခု ကဗျာကို…
မင်းဘယ်ဖတ်တတ်လိမ့်မလဲ…..

ကိုနေ(၁၃. မေ ၂၀၀၈)

မေလ…. အိပ်မက်ဆိုး

သူလေ…
ယူသွားရက်တယ်…
ငါတို့ ရဲ့  အာရုဏ်တက်တွေကို….

နှလုံးသားတွေကို…
ဓါးထက်ထက်နဲ့ ခွဲသွား….
မင်းရဲ့  နှုတ်ခမ်းဖျားမှာ…
အရာအားလုံး ကြေမွသွားခဲ့ပြီ…..

ထားရစ်ခဲ့ပြီလား….
အနားနားက..နှုတ်မဆက်ဘဲထွက်ခွာ….
တို့ပန်းနုရောင် အနာဂတ်တွေ
ခုတော့…တစစီေ၀၀ါးခဲ့ပြီ…..

ငါတို့ ရဲ့ …
နေညို ချိန်….
ပုံရိပ်လေးတွေ…
တဖြည်းဖြည်းနဲ့….ကွဲကြေသွား
ခုတော့လည်း..အိပ်မက်လားသို့ သာ….

မေရယ်….
ဒါဆိုရင်…ဒုတိယအကြိမ်မြောက်ပေါ့….
ရင်တွေကိုခြေမွ ရက်တယ်နော်….

ကိုနေ(၁၃. မေ ၂၀၀၈)

Friday, May 2, 2008

အထာမကျခြင်း

တခါတခါ..
ယောင်ချာချာနဲ့…
ပတ်ဝန်းကျင်နဲ့ အထာမကျသလို..
ခံစားနေရတယ်…
ခက်တာပဲ…..
ဒီကြားထဲ
ရာသီဥတုကလဲ..ပူမြဲ ပူ စဲပဲကွာ

ကိုနေ