Monday, May 19, 2008

အထီးကျန်ခြင်း

မညီမျှခြင်းတို့ရဲ့နောက်ကွယ်က

ဟားတိုက်ရယ်မောသံတွေ

ငါကြားနေရတယ်။

 

မျက်ဝန်း အပေါ်

တိမ်တစ်အုပ်ဖြတ်စဉ်

ငွေ့ရည်ဖွဲ့ကာ မိုးအဖြစ်

ရွာချကောင်းရွာချခဲ့လိမ့်မယ်..

 

ငါ့နှလုံးသားကတော့

တိတ်တစိတ်နဲ့ခြောက်ကပ်နေဆဲ..

 

သတိရမိတိုင်း

ကြေကွဲခဲ့ရတဲ့ ဒီနေ့ရက်တွေထဲ

ကိုယ့်ကိုယ်ကို နှစ်မြှုပ်ဖို့ကြိုးစားရင်း..

 

မင်းနဲ့ဝေးပြီးနောက်

ငါတစ်ယောက်ထဲ

ဘယ်လောက်များ

အထီးကျန်လိုက်မလဲလို့

တွေးမိတိုင်း

ငါ့ရင်မှာနင့်လို့…..။

 

မိုးကြယ်

No comments: