Wednesday, November 28, 2007

အယောင်ဆောင်

မနက်လင်းတော့လဲ...
နိုးထခဲ့ရတယ်
ခါတိုင်းလိုပဲပေါ့..
နေ့တနေ့ ကိုစားသုံးဖို့...

တကယ်တော့...
ငါက နေ့ကိုစားသုံးတာလား..
နေ့က ငါ့ ကိုစားသုံးသွားတာလား...
ဝါးတားတားပါပဲ….

တကယ်တော့
ဒီနေ့အဖို့ ငါဒီမြေကြီးတွေကို
ဘယ်လိုစနင်းရမလဲ...
အားနာလိုက်တာနော်

ဘာပဲဖြစ်ဖြစ်..
လောကကြီးရေ
ငါ့နှလုံးသားက အဟောင်းဆိုင်မဟုတ်ဖူးကွဲ့..
တပတ်ရစ်..ရင်ခုန်သံတွေနဲ့..လာလာ မနှဲ့နဲ့…

လောကကြီးကမသိကိန်းတွေနဲ့
ပြည့်နေသတဲ့...
“ငါ” …ဆိုတာကကော ..
မသိကိန်းတခုများလား...

ယဉ်ကျေးချင်ယောင်ဆောင်နေတဲ့..
လောကမှာ…မျက်ရည်တွေတောင်…
ပြုံးရောင်သန်းနေရတယ်…..
ခက်လိုက်တာ..

တကယ်တော့…
အယောင်ဆောင်ညနေခင်းမှာလဲ…
အပြစ်မရှိပါဖူး….
သူကရင်ကွဲနေလို့ပါ…

ပြီးတော့
ခွင့်လွှတ်ပေးပါကွာ…
ငါကိုယ်တိုင်က…
အယောင်ဆောင် တစ္ဆေ တစ်ကောင်ဖြစ်နေလို့ပါ…..

ကိုနေ (၂၈.၁၁.၂၀၀၇)

Loving U

My tears are telling how I need you.
My fear is showing how you save me.
Everytime I'm longing
come & touch me
you've kissed warmly
still I feel sweet
I can tell you at least
not enough loving you.

soe soe(kawlin)

Wednesday, November 21, 2007

အသည်းကွဲနေသည်

နေခြည်နဲ့အတူ
အာရုဏ်ကိုလှစ်လို့
မနက်ခင်းတစ်ခုမှာ
နိုးထခဲ့ဖူးတယ်။

ငိုက်မျည်းနေတဲ့လမင်းကို
ဘေးထားလို့
ကြယ်တွေနဲ့အတူ
အလင်းရဲ့ ညို့ချက်အတိုင်း
ကခုန်ခဲ့ဖူးတယ်။

ဂီတနတ်သမီးရဲ့
ဆွတ်ပျံ့ ဖွယ်သံစဉ်တချို့နဲ့
အတူ
စီးမျောခဲ့ဖူးတယ်။

အခုတော့လဲ
အရာရာမှေးမှိန်လို့
ပုံရိပ်တောင်ထင်မကျန်ရစ်တာ
ငါဘာကိုများ
တမ်းတနေရဦးမှာလဲ။

မင်းထားခဲ့တဲ့နောက်
ဒီအလွမ်းကမ္ဘာမှာပဲ
ငါ့ကိုငါ
စိတ်ရှိလက်ရှိ
ရွာချပစ်လိုက်ချင်တယ်။

တကယ်တမ်းတော့
ငါကိုယ်တိုင်လည်း
ပခုံးနှစ်ဖက်ကြားက
ခေါင်းပေါက်ခဲ့တာပါပဲ…..
ဒါပေမယ့်…
အသည်းကွဲနေတယ်။

မိုးကြယ်

Tuesday, November 20, 2007

ဆောင်းအသစ်

အတိတ်ကိုလှမ်းကြည့်လို့
မမြင်နိုင်အောင်
မြူတွေဆိုင်းနေတယ်။

ဆောင်းဝတ်ရုံခြုံလွှမ်းထားတဲ့
ပစ္စုပန်က
ငါ့ဘေးမှာအိပ်မောကျနေဆဲ။

နှင်းဖုံးနေတဲ့
ပန်းချီကားတချပ်လို
ေ၀၀ါးဖြူလျော်နေတဲ့
အနာဂါတ်…..
ဟိုး….ရှေ့မှာ
ငါ့ကိုစောင့်လို့နေတယ်။

အဲ့ဒီဘက်ကမ္ဘာမှာ
ဆောင်းနှင်းပွင့်ချိန်
ဝသန်ဆွေသလို
ငါ့နှလုံးသားချမ်းခိုက်တုန်လို့
ခိုနားစရာရင်ခွင်တစ်ခုတော့
တမ်းတမိတယ်။

မိုးကြယ်

Dare To Guess

Although much rain I get,
can stay without falling in the wet...
I'm standing in shine sunlight,
without being sense the hot....
When I start my job at night,
but I don't move a little....
The main task for me is,
to give light to people....
Who I am, you know?
It's at cubside!
Just a lamp-post.....

soe soe(kawlinn)

Monday, November 19, 2007

အမှတ်တရမှ...

အမှတ်တမဲ့မှ..အမှတ်တရ တဲ့….
ငယ်ငယ်က ငါ့စာအုပ်ထဲကကဗျာ…

တခါကပေါ့…
တိမ်တွေရယ်
လေညင်းရယ်
ကောင်းကင်ရယ်…
ပြီးတော့…
ချစ်သူရယ်…

အမှတ်တရတွေအားလုံး…
အမှတ်တမဲ့တွေပြန်ဖြစ်သွားချိန်…

ညခင်းကလဲ…ခပ်ဖွဖွလေး
ငိုရှိုက်လျက်….

ကိုနေ(၂၀၀၅)

ခါတော်မှီ

တိမ်တွေဆီရောက်ရင်မေးပေးပါ….
လမင်းသာမယ့်နေ့ကို….

ထမင်းဆီဆမ်းကို
ရွှေလင်ပန်းနဲ့ဆက်ဆိုလဲဆက်ပါ့မယ်….

နေတခြမ်း လတခြမ်းပိုင်တဲ့…လောကကြီးမှာ….
နွေတောင်မရောက်သေးဘူး….
မိုးကတ၀က်လောက်တောင်ခေါင်နေပြီ……

နှင်းပန်းလေးရေ…
ခါတော်မှီလေးတော့…လန်းပါဦးလားကွယ်…..

ကိုနေ(၁၉.၁၁.၂၀၀၇)

Saturday, November 17, 2007

သတ်ကွင်း

ဟိုးအဝေးက ခေါင်းလောင်းသံတစ်ချက်နဲ့တော့
ငါ့ကမ္ဘာမပျက်သုန်းနိုင်ပါဘူး…

သတ်ကွင်းတံခါးဝရောက်ခြေတစ်စုံရဲ့
နွမ်းလျလျ ရင်ခုန်သံကို
မင်းကြားရလိမ့်မယ်….

မောပန်းလွန်းလို့
ညိုးလျှော်နေတဲ့ ငါ့နှလုံးသား
အရောင်မှိန်ခဲ့တာ ကြာပြီပေါ့….

အလှနက်ဓါးချက်တွေအောက်မှာ
ဇီဝိန်မချုပ်အောင်
ကိုယ့်ကိုကို ထိန်းကြောင်းရင်း

ကောင်မလေးရေ…..
ငါ့ကမ္ဘာ နေမသာခင်အထိတော့
မင်းရဲ့ ဓါးချက်အောက်မှာ
အသက်ပျောက်ချင်သေးတယ်။

မိုးကြယ်

Thursday, November 15, 2007

ကာရန်မဲ့

ရုံးထွက်ခွင့်ပေးပါ..
ဒီလှောင်အိမ်ထဲက…
ငါ့ဝိညာဉ်….လွတ်မြောက်ရာကို…

မွန်းကြပ်နေတဲ့
လေညင်းနွံထဲမှာ
အပြီးတိုင်မြုပ်နှံရတော့မှာလား…….
ငါ့ရဲ့ဘ၀..

မှောင်ရိပ်တွေထဲက
လှောင်ရီသံတွေ….ထကြွလာပြီး
လမင်းကိုမီးမြိုက်ကြ….
ဒီလိုည..

မလှမပနဲ့ပဲ..အဆုံးသတ်နေကျ…
ငါ့..rhythm တွေ..ကျိုးပဲ့ကုန်ပြီလား….

ဝါးတားတားနဲ့…
သန်းခေါင်ယံမှာ
ကြောင်တောင်ကန်းလျက်ပဲ..နိုးထကြ

ဆောင်းမလာပဲနဲ့..နှင်းတွေကျလို့ကော
မင်းကကြေကွဲအုံးမလို့လား…

ငါ့ညနေကတော့…
စားနေကြကြောင်ဖား…ဟုတ်မယ်မထင်ပါဖူး…..

ဒါနဲပဲ့…အိပ်မက်တခုကိုခေါက်သိမ်းထားလိုက်တယ်….
အခြေအနေပေးမှပဲ…
ဆက်မက်ကြတာပေါ့…

ဒါနဲ့ပဲ..အငွေ့ပျံပြီးစ…ဆည်းဆာစက်လက်ဆီမှာ
အိပ်မက်တစအန်ချလိုက်မိတယ်….

“တိမ်မဲ့ကောင်းကင်
အရောင်မလွင့်ခင်မှာ….
မင်းနဲ့ ချစ်ခွင့်ရချင်တယ်…..”

ကိုနေ

Tuesday, November 13, 2007

အလွမ်းညင်သာ

နာကျင်စွာရင်မှာခံစား….
အတိတ်ကိုတားလို့လဲ..မရနိုင်
ငါ့အိပ်မက်ထဲဝင်ဝင်လာတယ်လေ….

အလာကောင်းသော်လည်း….
နှောင်းခဲ့ရတဲ့..ငါအတိတ်…
ကျိတ်မှိတ်လို့သာ….

ပွင့်လွှာလန်းသော်လည်း..
နွမ်းခဲ့ရတဲ့…
ဒီရင်မှာ….

ဟာတာတာမနက်တွေနဲ့ငါ…
အခါခါမျှော်လင့်သော်လည်း….
ရောက်မလာတဲ့….
အလွမ်းရဲ့ နှုတ်ခမ်းညင်သာ….

ဒီရင်မှာ..
ထာဝစဉ်သာ
ကျွမ်းပြာကျ ခဲ့ပြီ…..

ကိုနေ

Sunday, November 11, 2007

ညကပွဲ

ညနက်လေ..လင်းပလေဆိုတဲ့
ကြယ်တွေရဲ့..
ဖြိုးဖြိုးဖျောက်ဖျောက်ထိုးကျနေတဲ့
အလင်းစက်တချို့…
ငါ့ရင်တစ်ခုလုံးပြည့်လို့။

ပြာလဲ့ ညိုရီနေတဲ့…
ကောင်းကင်အောက်မှာ
ကကြိုးမစခင်ထိ
နှလုံးသားရဲ့ ဘာသာဗေဒကို
ငါတို့သီကြူးကြရအောင်။

ပျော့ပျောင်းတိုးညှင်းတဲ့
လေပြေနဲ့အတူ
ရင်ခုန်သံစည်းချက်အတိုင်း
ကခုန်ရင်း ရောင်နီမလာခင်ထိတော့
ပန်းတွေပွင့်နေဦးမှာပါ။

ကောင်မလေးရေ
သံစဉ်တစ်ဝက်တစ်ပျက်နဲ့တော့
ငါ့ဆီမလာနဲ့…
တံခါးခေါက်မယ်ဆိုရင်
ခွင့်တော့တောင်းပါ။ ။

မိုးကြယ်

Saturday, November 10, 2007

အယောင်ဆောင်ည

ညကညလို
မမှောင်ပဲနဲ့…
နေ့လိုလင်းနေတော့…
လမင်းတောင်
ချုံးပွဲချနေလေရဲ့…..

ချုံးချုံးကျ
အချိန်တွေနဲ့…
တိမ်တွေဆီမှာ
ငါပုန်းခိုရင်း….
အိပ်မက်တွေဆီမှာလဲ…
ငါငိုကြွေးဖူးရဲ့…..

အချိန်တွေ
တဖြည်းဖြည်းနဲ့…ကြွေကျ
လေညင်းရဲ့..သယ်ဆောင်ရာကို…လိုက်ပါရင်း….
ဒီအမှောင်ထဲမှာပဲ…
ငါလောင်မြိုက်ခဲ့ရပြီ….

နရီတွေလဲမမှန်တော့ပါဘူး…..
အဆောင်အယောင်တွေနဲ့..အလှကို….
တောင်တောင်အီအီမစဉ်းစားပဲတပ်မက်လိုက်ချင်ရဲ့….
ခပ်နဲ့နဲ့…ဟန်ဆောင်ကိုယ်ကျင့်တရား….
မှောက်မှားသွားတဲ့အခါ…..

ဟာတာတာ..ရင်ခုန်သံမှာ..
ပုဒ်မတွေနဲ့….
ဒဏ်ရာအပြည့်…ရခဲ့ပြီ…..

ကိုနေ၊ မိုးကြယ်
(၁၀.၁၁.၂၀၀၇ မနက် ၁း၁၅)

Thursday, November 8, 2007

လွယ်အိတ်

အမေပေးခဲ့တာ
ဘ၀ကျောင်းကြီးတက်ဖို့တဲ့
သံယောဇဉ်နှောင်ကြိုးကို
ချည်ရက်လို့….လွယ်ခဲ့တယ်ဗျာ။။

တစ်ခါတစ်ခါများ
ဒုက္ခ္ခတွေရင်မှာပိုက်မိရင်
ကိုယ့်ကိုယ် ကိုခေါက်သိမ်း
လွယ်အိတ်ထဲထည့်လို့
အမေ့ရင်ခွင်ဆီပြေးနေကျပေါ့။။။

အခုတော့ဗျာ
အမေနဲ့ဝေး....
လွယ်အိတ်ကဆွေးနဲ့....
ကဗျာတွေပဲထိုင်ရေးနေရတယ်။။

တစ်နေ့များ
အမေ့ဆီပြန်ခဲ့ရင်
လွယ်အိတ်အသစ်တစ်လုံးရနိုင်ကောင်းပါရဲ့။။။

မိုးကြယ်

အမှောင်..အလင်းနဲ့..လမင်း

အမှောင်နဲ့ အလင်းကြားမှာ
ငေါင်စင်းစင်း ရပ်နေရင်း….
နာရီတွေမေ့မျောနေကြတယ်လေ….

တေလေလွင့်နေတဲ့….
ဝိညာဉ်….
အစဉ်သဖြင့်…ပူးကပ်နေတဲ့..သံစဉ်….

ခပ်မျှင်မျှင်
ဆံချည်..တို့ရဲ့….ရှိုက်သံတို့နဲ့…
လှိုက်မောနေတဲ့….ညရဲ့ကဗျာ….

ဒီလိုနဲ့…ဒီလိုနဲ့…..

ထာဝရသာ..
ကြယ်တွေခနေရင်….
ငါ့ လမင်းကို…ဘယ်မှာဝှက်ထားရပါ့….

ကိုနေ

Tuesday, November 6, 2007

လိပ်ပြာ

အတောင်မပေါက်ခင်ကထဲက
ပျံချင်နေတာ

အတောင်ပေါက်တော့ကော
ငါ့ကို….
ဘယ်သူကများအပျံသင်ပေးခဲ့လို့လဲ….

အဲ့ဒါပါပဲ
မွေးကတည်းကပါလာတဲ့
မာယာတွေနဲ့
ပန်းတွေကိုလှည့်စားဖို့
ပျံဝဲလိုက်ဦးမယ်။ ။

မိုးကြယ်

ဆောင်းအရိပ်

နွေအတွေးတွေဆီ
ခဏလောက်လိုက်ခဲ့ပါလား…

ညမက်တဲ့….
အလှနက်နက်တွေကြားမှာလဲ
မပျော်ချင်တော့ပါဘူး……..

အလွမ်းမပြေတော့လည်း…
အနမ်းတွေစွေနေတဲ့
နှောင်းအတိတ်ရဲ့
ဆောင်းအရိပ်တွေဆီမှာပဲ
ပျော်နေပါရစေလေ….

ကိုနေ

Sunday, November 4, 2007

ပင့်ကူ

နှောင်ကြိုးတွေနဲ့ ထွေးယှက်မနေချင်ဖူး
ရုံးထွက်ဖို့လဲကြိုးစားလို့မရဖူး။
ငါ့ကိုယ်တိုင်က
ပင့်ကူတစ်ကောင်ဖြစ်နေတာကိုး။

ငါ့ဆီကိုတိုးသမျှ ငြိသမျှကို
ငါကတော့ချည်နှောင်နေရဦးမှာပဲ။

မိုးကြယ်

Saturday, November 3, 2007

ကောင်းကင်မဲ့

ကောင်းကင်မရှိပဲနဲ့
ပန်းတွေဘယ်လိုပွင့်မှာလဲ…

ဒီလိုနဲ့ပဲ
မျက်ရည်တွေသူ့ဖာသာသူ
ငိုကြ..
မိုးတိမ်တွေတောင်
အလျှိုအလျှို ကြွေကျခဲ့ပြီ....

နေ့တွေလည်း
သူ့ဟာသူစုန်းစုန်းမြုပ်လို့
ညတွေတောင်
ဟုန်းဟုန်းတောက်..
ပျော်ကျခဲ့ပြီ….

အိပ်မက် ကမ္ဘာဆီ
အလည်တခေါက်သွားစဉ်မှာ
ဆောင်းသည်…ခဏတဖြုတ်
နှောင်းလျက်ရှိလေသည်….

ကိုနေ(၀၃.၁၁.၂၀၀၇ မနက် ၂း၂၅)

မှန်() မှား() - ၂

ရှေ့တဲ့တဲ့လျှောက်မယ်ဆိုရင်
နောက်ကိုလုံးဝလှည့်မကြည့်နဲ့
အဲ..ဒါပေမယ့်
ဘေးကိုတော့စောင်းငဲ့ကြည့်ပါ။

မိုးကြယ်

မှန်( ) မှား( ) - ၁

ကိုယ့်ကိုကိုယ်ဘောင်ခတ်ပြီး
ပိတ်မိနေမဲ့အစား
ဘ၀ကိုလွတ်လပ်စွာနဲ့
ပျံသန်းစမ်းပါ။ ။

မိုးကြယ်

Friday, November 2, 2007

သက်မဲ့

ပျော်ဖို့တော့ကောင်းတယ်
မရယ်ရဘူး..
ရယ်တော့ရယ်နေတာပဲ
ပျော်ဖို့မကောင်းပြန်ဘူး..

အဲဒါဆို...ငါ
ငိုပဲငိုနေတော့မယ်။။

ငိုတော့ငိုနေတယ်
မျက်ရည်မကျဘူး..
မျက်ရည်တော့ကျနေတာပဲ
ငိုနေတာမဟုတ်ဘူး..

အဲဒါဆို...ငါ
ရယ်ပဲရယ်နေတော့မယ်။။

မိုးကြယ်

အတူတူပဲ

ယာဉ်ထိန်းရဲ ကိုချူချာအရှိန်ပြင်းပြင်းမောင်းလာသော ကားတစ်စီးကိုလှမ်းတားသည်။ ကားမောင်းလာသူမှာ အမျိုးသမီးတစ်ဦး ဖြစ်နေသည်။
ကိုချူချာ ။ ။ “တစိတ်လောက် ယာဉ်မောင်းလိုင်စင်လေးခဏပြပါ။”
အမျိုးသမီးက စလင်းဘက်ထဲမှကြည့်မှန်တချပ် ထုတ်ပြလိုက်သည်။ ကိုချူချာ ကြည့်မှန်ကို ခဏကြည့်၍အမျိုးသမီးကို
အလေးပြုပြီး
“တောင်းပန်ပါတယ်ခင်ဗျားလဲကျနော့်လိုပဲ ရဲ ဆိုတာမသိလို့ ပါ။”

မိုးကြယ်

အသက်ရှင်စေသူများ

ဆေးရုံတွင်လောင်သောမီးအားငြိမ်းသတ်ပြီးနောက် ဆေးရုံအုပ်ကြီး အမောတကောနှင့်ရောက်လာသည်။
မီးသတ်ဗိုလ်မှ ဆေးရုံအုပ်ကြီးအား ဆီး၍ပြောသည်။
“ဆရာ ဘာမှမစိုးရိမ်နဲ့ အခြေအနေအရပ်ရပ်ကို ကျနော်တို့ ထိမ်းသိမ်း နိုင်ပါတယ်။ လူနာရှစ်ဦးကိုအထိအခိုက်ဒဏ်ရာမဲ့
ကယ်တင်လိုက်နိုင်တယ်”
“သုံးဦးကတော့ဒဏ်ရာရသွားတယ်..နှစ်ဦးကတော့ မီးထဲပါသွားတယ်”
ပြောပြီးပြီးခြင်း ဆေးရုံအုပ်ကြီး ကိုယ့်နဖူးကိုယ်လက်နှင့် ရိုက်၍
“ဟိုက်..အခုလောင်တာ လူနာဆောင်မဟုတ်ဖူးဗျ…ရေခဲတိုက်ဗျ ရေခဲတိုက်”

မိုးကြယ်

တွေးပြီးမှ..ရယ်

အဘွားအိုတစ်ဦး ၁၉၉ သို့ဖုန်းဆက်သည်။
ကျွန်မအိမ်ရှေ့ကသစ်ပင်ပေါ်ဝက်ဝံ တစ်ကောင်ရောက်နေတယ်။အမြန်လာကူပါဦး၊
ဖုန်းဆက်ပြီးခဏကြာ ရဲသားတစ်ယောက်နှင့်ခွေးတစ်ကောင်ရောက်လာသည်။
ရဲသားကအဘွားအိုထံသေနတ်ပေးပြီး... အဘွား ကျွန်တော်သစ်ပင်ပေါ်တက်ပြီး
သစ်ကိုင်းကိုလှုပ်ချမယ်။ ၀က်ဝံပြုတ်ကျလာရင်ကျွန်တော့်ခွေး`အောင်နက်’က
ဝက်ဝံရဲ့ဝှေးစေ့ကို ပြေးဟပ်ထားလိမ့်မယ်။ အကယ်၍များ ၀က်ဝံပြုတ်ကျမလာပဲ
ကျွန်တော်ကျလာတယ်ဆိုရင်တော့ အောင်နက် ကိုသေနတ်နဲ့ ပစ်သတ်လိုက်ပါ။။။။။

မိုးကြယ်