နေခြည်နဲ့အတူ
အာရုဏ်ကိုလှစ်လို့
မနက်ခင်းတစ်ခုမှာ
နိုးထခဲ့ဖူးတယ်။
ငိုက်မျည်းနေတဲ့လမင်းကို
ဘေးထားလို့
ကြယ်တွေနဲ့အတူ
အလင်းရဲ့ ညို့ချက်အတိုင်း
ကခုန်ခဲ့ဖူးတယ်။
ဂီတနတ်သမီးရဲ့
ဆွတ်ပျံ့ ဖွယ်သံစဉ်တချို့နဲ့
အတူ
စီးမျောခဲ့ဖူးတယ်။
အခုတော့လဲ
အရာရာမှေးမှိန်လို့
ပုံရိပ်တောင်ထင်မကျန်ရစ်တာ
ငါဘာကိုများ
တမ်းတနေရဦးမှာလဲ။
မင်းထားခဲ့တဲ့နောက်
ဒီအလွမ်းကမ္ဘာမှာပဲ
ငါ့ကိုငါ
စိတ်ရှိလက်ရှိ
ရွာချပစ်လိုက်ချင်တယ်။
တကယ်တမ်းတော့
ငါကိုယ်တိုင်လည်း
ပခုံးနှစ်ဖက်ကြားက
ခေါင်းပေါက်ခဲ့တာပါပဲ…..
ဒါပေမယ့်…
အသည်းကွဲနေတယ်။
မိုးကြယ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
1 month ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment