အတိတ်ကိုလှမ်းကြည့်လို့
မမြင်နိုင်အောင်
မြူတွေဆိုင်းနေတယ်။
ဆောင်းဝတ်ရုံခြုံလွှမ်းထားတဲ့
ပစ္စုပန်က
ငါ့ဘေးမှာအိပ်မောကျနေဆဲ။
နှင်းဖုံးနေတဲ့
ပန်းချီကားတချပ်လို
ေ၀၀ါးဖြူလျော်နေတဲ့
အနာဂါတ်…..
ဟိုး….ရှေ့မှာ
ငါ့ကိုစောင့်လို့နေတယ်။
အဲ့ဒီဘက်ကမ္ဘာမှာ
ဆောင်းနှင်းပွင့်ချိန်
ဝသန်ဆွေသလို
ငါ့နှလုံးသားချမ်းခိုက်တုန်လို့
ခိုနားစရာရင်ခွင်တစ်ခုတော့
တမ်းတမိတယ်။
မိုးကြယ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment