Wednesday, April 30, 2008

အဖြေ

ကောင်းကင်မှာမိုးရွာတိုင်း…
လေညှင်းမခတ်တော့ဘူးလား…

နေကောင်းအောင်နေပါ..
ခရီးလမ်းကအဝေးကြီးရှိသေးတယ်…

ဒီဘောလုံးကိုဘာလို့ ကန်နေဦးမှာလဲ
လူကျွံနေပြီ…ဆိုပြီး….
..အကယ်၍များ..ဒိုင်မမှုတ်ခဲ့ရင်

ကမ္ဘာကြီးတောင်
သူတာဝန်နဲ့သူ..
နေ့ တလှည့် ည တလှည့်
မောင်းနှင်နေသေးတာပဲ…

ယုံကြည်မှုနဲ့ တည်ဆောက်တဲ့
အနာဂတ်ဟာတော့…
မမှောင်မိုက်လောက်ပါဘူး(ယုံကြည်တယ်)……

အရာရာတိုင်းသာ
တာဝန်ကြေရင်…
သံစဉ်တိုင်းဟာနာပျော်ဖွယ်ဖြစ်နေမှာပါ…..

သူငယ်ချင်းရေ
အဖြေလွှာထဲသာ
ရေးချခဲ့ပါကွာ…
အောင်တာကျတာ
ကံကြမ္မာစီစဉ်ပါလိမ့်မယ်…..

ကိုနေ(၃၀.၀၄.၂၀၀၈)

အပယ်ခံ

ကဗျာပေးပါ...
ရင်ခွင်မှာဟာနေလို့

အညှာလွယ်လို့ လား....
ငါ့ညနေဟားတိုက်ခံရတာ....

ထားချင်လဲထားခဲ့လိုက်တော့..
ပျော့ညံ့မှုရဲ့  အကျိုးကို ခံယူလိုက်မယ်...
အပယ်ခံဒီလိုညနေမှာပေါ့...

ကိုနေ(30.04.2008)

Saturday, April 26, 2008

Mass Group Emails ပို့ ရန်အကြံပေးချက်

၁. “To:” နှင့် “CC” Address Box ထဲသို့ မည်သည့် email address မှ မထဲ့ပါနှင့်။
၂. “BCC :” Address Box ထဲသို့ သာ သင့်၏ contacts များကိုထည့်၍ပို့ ပါ။

ဤနည်းဖြင့် သင့် contacts (သူငယ်ချင်းများ) နှင့် သင်ကိုယ်တိုင်၏ privacy ကို ကာကွယ်ပြီးသားဖြစ်ပါလိမ့်မည်။

အကြံပေးခြင်းသာဖြစ်ပါသည်။ ဆရာလုပ်ခြင်းမဟုတ်ပါခင်ဗျာ။ သည့်ထက်ပိုကောင်းသောနည်းများရှိရင်လည်းဝေမျှကြဖို့ ဖိတ်ခေါ်ပါရစေ။

ကိုနေ(YNP)

Sunday, April 13, 2008

ယိမ်းနွဲ့ ပါး

မင်းတို့တွေနားစွင့်ထား
ဘာမဆိုခေါင်းငြိမ့်မဲ့
ပုတ်သင်တစ်ကောင်
ဟိုပြောင်းဒီပြောင်းနဲ့
ခန္ဓာကိုယ်ခဏခဏခွာချ။ ။

အဖြူအမဲ ရုပ်ရှင်ကြည့်နေရသလို
ဖြူရော်ရော်ဝါးတားတား
တစ်ခါတစ်လေ မှောင်အတိ
လေထဲကစကားတွေ
ငါ့ဆီိမရောက်ခင်
အရောင်လွင့်ကုန်လို့
ခက်လှချီရဲ့ ။ ။

တောင်ပြေးမြောက်ပြေး
အရှေ့ အနောက်တွေပြောင်းပြန်ကျ
ကမ္ဘာကြီးတောင်ပြားတယ်ထင်တာ
လူတကာလုံးတိုင်းတော့ ငါမလုံးနိုင်ဘူး
ငါ့အတ္တတွေ ခွေးစားသွားမှာကြောက်တယ်။ ။

ငါ့စကားသာငါ့ကဗျာဆိုရင်
ငါ့ညနေရီကို စုတ်ဖြဲ
ကောင်းကင်ကို အလွှာလိုက်ပိုင်းဖို့
ဓါးတစ်စင်းထွင်းပြုလို့
ကမ္ဘာသို့အပ်နှင်းလိုက်မယ်။ ။

မိုးကြယ်

Saturday, April 12, 2008

တန်ခူးသို့ တမ်းချင်း

နှောင်ကြိုးမဲ့ နှုတ်ခမ်းတစ်စုံ
ဟာတာတာ နှလုံးသား
ရင်ခွင်ဟောင်းရဲ့  ထောင့်တစ်နေရာ
ဟိုးဝေး ညနေရီမှာ
ကြွေမျက်ရည်တို့သီလဲ့ချိန်

နှစ်ဟောင်းကိုဖယ်လို့
နှစ်သစ်ကိုကြိုချင်ပေမယ့်
ပိတောက်မဲ့နေတဲ့ကမ္ဘာမှာ
လေညှင်းကတောင်
မညှင်သာချင်တော့ဘူး။

မကြင်နာတော့မလုပ်လိုက်ပါနဲ့
မိုးရေ…တစ်ချက်လောက်တော့
စွေလှည့်ပါ။

ပိတောက်အတွက်နေရာမရှိပေမယ့်
ငါ့အတွက်တော့ဖြေစရာရှိမှာပါ။
ရေမြေခြားနေပေမယ့်
ဒီတန်ခူးမှာနှစ်ကူးပြီဆိုတာ
ငါတို့ရင်ထဲမှာထာဝရ
ရှိနေမှာပါ။

မိုးကြယ်

အိပ္မက္တေစ ၦ

ငါ…အိပ်မက်တွေကိုဝတ်ဆင်လို့
သန်းခေါင်ယံအောက်လမ်းလျှောက်ထွက်ဖူးတယ်

ချုံးပွဲချငိုနေတဲ့လမင်း
လူသားတွေဆုတောင်းလိုက်ပုံများ
သူ့  အပါးက ကြယ်တွေ တဖြုတ်ဖြုတ်နဲ့ ကိုကြွေလို့။

မျက်ဝန်းတံခါးရဲ့  အပြင်ဖက်မှာတော့
ပစ်စလတ်ခတ် သွေ့ ခြောက်နေတဲ့
လောကကြီးက အိပ်မောကျနေလေရဲ့  ။

ညဉ့်  နက်လေပြေတစ်ချက်အဝေ့မှာ
ဟိုးအဝေး စေတီက ဆည်းလည်းသံတစ်ချို့ 
ငါကြားတယ်….
ငါ့နှလုံးသားမှာ ငြိမ်းချမ်းမှုတစ်ချို့ 
တွဲလဲသီလို့။

အင်း…
မငြိမ်းချမ်းနိုင်သေးတဲ့……
ငြိမ်းချမ်းမှုကိုတပ်မက်နေတဲ့…..
ကမ္ဘာလူသားတွေအတွက်
အဲဒီ ဆည်းလည်း သံလေးကသာ
ငြိမ်းချမ်းမှုတွေဆောင်ကြဉ်းလာမယ်ဆိုရင်….

နိုးတ၀က်အိပ်မက်က
ငါလန့်နိုးချိန်
မျက်ဝန်းတံခါးရဲ့  အပြင်ဖက်မှာတော့
ပစ်စလတ်ခတ် သွေ့ခြောက်နေတဲ့
လောကကြီးသာ တ၀ါးဝါးသန်းဝေနေလေရဲ့ ။

မိုးကြယ်

Wednesday, April 9, 2008

အိပ်မက်အလွမ်း

အိပ်မက်ဟန်ဆောင်မနေပါနဲ့
ချစ်သူရာ..
ရင်ခွင်ကိုဝင်ချင်လဲဝင်လိုက်စမ်းပါ

ညှာတာတာပဲ
ဟာတာတာရင်ကိုပဲခွဲယူလှဲ့…
ရင်ခုန်သံက..အသက်ရှုသံမဲ့နေလို့ပါ…..

အတိတ်တွေကိုမထားခဲ့နဲ့အချစ်…
တပါတည်းယူလာလှဲ့…
အမှတ်တရတို့ကျန်ရစ်မှာစိုးလို့ပါ….

အစိမ်းသတ်နှုတ်ခမ်းနဲ့ချစ်သူရယ်
အလွမ်းနဲ့မနိုင်အောင်ပဲ…
လွမ်းတယ်…..

ကိုနေ(၈.၄.၂၀၀၈)

Tuesday, April 8, 2008

နှစ်သစ်ကူးဆုတောင်း

အေးချမ်းပါစေ…
သင်္ကြန်ရေ….
နှစ်သစ်မင်္ဂလာ
ဒီကမ္ဘာသစ်မှာ…..
ရွှေရည်ဖြန်းလို့…
လန်းပါစေ……

ကိုနေ(၈.၄.၂၀၀၈)

အနမ်းပန်း

ချစ်သူနှုတ်ခမ်း
ပန်းယောင်ဆောင်လို့…
အနမ်းတွေနဲ့ပြုစားခဲ့ပြီ…

ရင်တွေကွဲပြီချစ်သူ…
အိပ်မက်စိမ်းတွေထဲမှာပဲ…
မျက်ရည်တွေငွေ့ရည်ဖွဲ့ ရတော့မှာလား…

ပန်းတွေနက်ဖြန်မှာလန်းမတဲ့လေ…
ရပါတယ်…ညတွေကိုချေဖျက်လို့….
အိပ်မက်ရဲ့  နှုတ်ခမ်းတွေနဲ့ကိုယ်ကြိုလင့်မယ်….

ကိုနေ(၈.၄.၂၀၀၈)

ကမ္ဘာ

မှတ်ချက်ချဖို့လို့
သံစဉ်ဆုံးလို့….
နေညို့  နေပြီလား….

ဒီရေလျင်မှာ
စုန်ရင်လည်းစုန်
ဆန်ရင်လည်းဆန်လိုက်ပေါ့….

အမုန်းတချို့ နဲ့
အပြုံးတုတို့ ပန်ဆင်လို့..
ငြိမ်းချမ်းရေးတေးမငြီးနဲ့ပေါ့….

ပွဲမပြီးခင်လက်ခုပ်တီးရင်
သွေးတို့ ပုပ်ကုန်မှာ….
တွေးပူလို့ပါ….

ငါ့ကဗျာဟာ
စေတနာအမှာစာပါ….
မင်းမခံစားချင်လည်းရတယ်….

ငါ့အိပ်မက်က
ခစားခံဖို့မဟုတ်ပေမဲ့….
သူ့မှာ မဲ့ပြုံးတွေမရှိဘူး….

ငါ့တို့ကမ္ဘာမှာ
နောက်ဆုံးတော့…
ရွှေရည်ပဲဝင်းရမှာပါ….

ငါ့သစ္စာနဲ့ ငါ…
ငါ့ကမ္ဘာကိုငါယုံတယ်….

ကိုနေ(၀၈.၀၄.၂၀၀၈)