Tuesday, April 8, 2008

အနမ်းပန်း

ချစ်သူနှုတ်ခမ်း
ပန်းယောင်ဆောင်လို့…
အနမ်းတွေနဲ့ပြုစားခဲ့ပြီ…

ရင်တွေကွဲပြီချစ်သူ…
အိပ်မက်စိမ်းတွေထဲမှာပဲ…
မျက်ရည်တွေငွေ့ရည်ဖွဲ့ ရတော့မှာလား…

ပန်းတွေနက်ဖြန်မှာလန်းမတဲ့လေ…
ရပါတယ်…ညတွေကိုချေဖျက်လို့….
အိပ်မက်ရဲ့  နှုတ်ခမ်းတွေနဲ့ကိုယ်ကြိုလင့်မယ်….

ကိုနေ(၈.၄.၂၀၀၈)

1 comment:

Kaung Kin Ko said...

ချစ်သူ့ နှုတ်ခမ်းက ပန်းယောင်ဆောင်တော့ ကောင်းတာပေါ့ဗျာ။ အဲဒီ့ ပန်းကလေးကို နမ်းလိုက်ပေါ့။ သင်္ကြန်မှာပျော်ရွှင်ပါစေ။း-)