Tuesday, April 8, 2008

ကမ္ဘာ

မှတ်ချက်ချဖို့လို့
သံစဉ်ဆုံးလို့….
နေညို့  နေပြီလား….

ဒီရေလျင်မှာ
စုန်ရင်လည်းစုန်
ဆန်ရင်လည်းဆန်လိုက်ပေါ့….

အမုန်းတချို့ နဲ့
အပြုံးတုတို့ ပန်ဆင်လို့..
ငြိမ်းချမ်းရေးတေးမငြီးနဲ့ပေါ့….

ပွဲမပြီးခင်လက်ခုပ်တီးရင်
သွေးတို့ ပုပ်ကုန်မှာ….
တွေးပူလို့ပါ….

ငါ့ကဗျာဟာ
စေတနာအမှာစာပါ….
မင်းမခံစားချင်လည်းရတယ်….

ငါ့အိပ်မက်က
ခစားခံဖို့မဟုတ်ပေမဲ့….
သူ့မှာ မဲ့ပြုံးတွေမရှိဘူး….

ငါ့တို့ကမ္ဘာမှာ
နောက်ဆုံးတော့…
ရွှေရည်ပဲဝင်းရမှာပါ….

ငါ့သစ္စာနဲ့ ငါ…
ငါ့ကမ္ဘာကိုငါယုံတယ်….

ကိုနေ(၀၈.၀၄.၂၀၀၈)

1 comment:

Kaung Kin Ko said...

ကဗျာလေး အရမ်းကောင်းတယ်ဗျာ