Saturday, April 12, 2008

အိပ္မက္တေစ ၦ

ငါ…အိပ်မက်တွေကိုဝတ်ဆင်လို့
သန်းခေါင်ယံအောက်လမ်းလျှောက်ထွက်ဖူးတယ်

ချုံးပွဲချငိုနေတဲ့လမင်း
လူသားတွေဆုတောင်းလိုက်ပုံများ
သူ့  အပါးက ကြယ်တွေ တဖြုတ်ဖြုတ်နဲ့ ကိုကြွေလို့။

မျက်ဝန်းတံခါးရဲ့  အပြင်ဖက်မှာတော့
ပစ်စလတ်ခတ် သွေ့ ခြောက်နေတဲ့
လောကကြီးက အိပ်မောကျနေလေရဲ့  ။

ညဉ့်  နက်လေပြေတစ်ချက်အဝေ့မှာ
ဟိုးအဝေး စေတီက ဆည်းလည်းသံတစ်ချို့ 
ငါကြားတယ်….
ငါ့နှလုံးသားမှာ ငြိမ်းချမ်းမှုတစ်ချို့ 
တွဲလဲသီလို့။

အင်း…
မငြိမ်းချမ်းနိုင်သေးတဲ့……
ငြိမ်းချမ်းမှုကိုတပ်မက်နေတဲ့…..
ကမ္ဘာလူသားတွေအတွက်
အဲဒီ ဆည်းလည်း သံလေးကသာ
ငြိမ်းချမ်းမှုတွေဆောင်ကြဉ်းလာမယ်ဆိုရင်….

နိုးတ၀က်အိပ်မက်က
ငါလန့်နိုးချိန်
မျက်ဝန်းတံခါးရဲ့  အပြင်ဖက်မှာတော့
ပစ်စလတ်ခတ် သွေ့ခြောက်နေတဲ့
လောကကြီးသာ တ၀ါးဝါးသန်းဝေနေလေရဲ့ ။

မိုးကြယ်

No comments: