နှောင်ကြိုးမဲ့ နှုတ်ခမ်းတစ်စုံ
ဟာတာတာ နှလုံးသား
ရင်ခွင်ဟောင်းရဲ့  ထောင့်တစ်နေရာ
ဟိုးဝေး ညနေရီမှာ
ကြွေမျက်ရည်တို့သီလဲ့ချိန်
နှစ်ဟောင်းကိုဖယ်လို့
နှစ်သစ်ကိုကြိုချင်ပေမယ့်
ပိတောက်မဲ့နေတဲ့ကမ္ဘာမှာ
လေညှင်းကတောင်
မညှင်သာချင်တော့ဘူး။
မကြင်နာတော့မလုပ်လိုက်ပါနဲ့
မိုးရေ…တစ်ချက်လောက်တော့
စွေလှည့်ပါ။
ပိတောက်အတွက်နေရာမရှိပေမယ့်
ငါ့အတွက်တော့ဖြေစရာရှိမှာပါ။
ရေမြေခြားနေပေမယ့်
ဒီတန်ခူးမှာနှစ်ကူးပြီဆိုတာ
ငါတို့ရင်ထဲမှာထာဝရ
ရှိနေမှာပါ။
မိုးကြယ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment