Sunday, April 13, 2008

ယိမ်းနွဲ့ ပါး

မင်းတို့တွေနားစွင့်ထား
ဘာမဆိုခေါင်းငြိမ့်မဲ့
ပုတ်သင်တစ်ကောင်
ဟိုပြောင်းဒီပြောင်းနဲ့
ခန္ဓာကိုယ်ခဏခဏခွာချ။ ။

အဖြူအမဲ ရုပ်ရှင်ကြည့်နေရသလို
ဖြူရော်ရော်ဝါးတားတား
တစ်ခါတစ်လေ မှောင်အတိ
လေထဲကစကားတွေ
ငါ့ဆီိမရောက်ခင်
အရောင်လွင့်ကုန်လို့
ခက်လှချီရဲ့ ။ ။

တောင်ပြေးမြောက်ပြေး
အရှေ့ အနောက်တွေပြောင်းပြန်ကျ
ကမ္ဘာကြီးတောင်ပြားတယ်ထင်တာ
လူတကာလုံးတိုင်းတော့ ငါမလုံးနိုင်ဘူး
ငါ့အတ္တတွေ ခွေးစားသွားမှာကြောက်တယ်။ ။

ငါ့စကားသာငါ့ကဗျာဆိုရင်
ငါ့ညနေရီကို စုတ်ဖြဲ
ကောင်းကင်ကို အလွှာလိုက်ပိုင်းဖို့
ဓါးတစ်စင်းထွင်းပြုလို့
ကမ္ဘာသို့အပ်နှင်းလိုက်မယ်။ ။

မိုးကြယ်

No comments: