Wednesday, April 30, 2008

အဖြေ

ကောင်းကင်မှာမိုးရွာတိုင်း…
လေညှင်းမခတ်တော့ဘူးလား…

နေကောင်းအောင်နေပါ..
ခရီးလမ်းကအဝေးကြီးရှိသေးတယ်…

ဒီဘောလုံးကိုဘာလို့ ကန်နေဦးမှာလဲ
လူကျွံနေပြီ…ဆိုပြီး….
..အကယ်၍များ..ဒိုင်မမှုတ်ခဲ့ရင်

ကမ္ဘာကြီးတောင်
သူတာဝန်နဲ့သူ..
နေ့ တလှည့် ည တလှည့်
မောင်းနှင်နေသေးတာပဲ…

ယုံကြည်မှုနဲ့ တည်ဆောက်တဲ့
အနာဂတ်ဟာတော့…
မမှောင်မိုက်လောက်ပါဘူး(ယုံကြည်တယ်)……

အရာရာတိုင်းသာ
တာဝန်ကြေရင်…
သံစဉ်တိုင်းဟာနာပျော်ဖွယ်ဖြစ်နေမှာပါ…..

သူငယ်ချင်းရေ
အဖြေလွှာထဲသာ
ရေးချခဲ့ပါကွာ…
အောင်တာကျတာ
ကံကြမ္မာစီစဉ်ပါလိမ့်မယ်…..

ကိုနေ(၃၀.၀၄.၂၀၀၈)

No comments: