အမှောင်နဲ့ အလင်းကြားမှာ
ငေါင်စင်းစင်း ရပ်နေရင်း….
နာရီတွေမေ့မျောနေကြတယ်လေ….
တေလေလွင့်နေတဲ့….
ဝိညာဉ်….
အစဉ်သဖြင့်…ပူးကပ်နေတဲ့..သံစဉ်….
ခပ်မျှင်မျှင်
ဆံချည်..တို့ရဲ့….ရှိုက်သံတို့နဲ့…
လှိုက်မောနေတဲ့….ညရဲ့ကဗျာ….
ဒီလိုနဲ့…ဒီလိုနဲ့…..
ထာဝရသာ..
ကြယ်တွေခနေရင်….
ငါ့ လမင်းကို…ဘယ်မှာဝှက်ထားရပါ့….
ကိုနေ
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment