ဟိုးအဝေးက ခေါင်းလောင်းသံတစ်ချက်နဲ့တော့
ငါ့ကမ္ဘာမပျက်သုန်းနိုင်ပါဘူး…
သတ်ကွင်းတံခါးဝရောက်ခြေတစ်စုံရဲ့
နွမ်းလျလျ ရင်ခုန်သံကို
မင်းကြားရလိမ့်မယ်….
မောပန်းလွန်းလို့
ညိုးလျှော်နေတဲ့ ငါ့နှလုံးသား
အရောင်မှိန်ခဲ့တာ ကြာပြီပေါ့….
အလှနက်ဓါးချက်တွေအောက်မှာ
ဇီဝိန်မချုပ်အောင်
ကိုယ့်ကိုကို ထိန်းကြောင်းရင်း
ကောင်မလေးရေ…..
ငါ့ကမ္ဘာ နေမသာခင်အထိတော့
မင်းရဲ့ ဓါးချက်အောက်မှာ
အသက်ပျောက်ချင်သေးတယ်။
မိုးကြယ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment